Celebrity


Written by Ms Cele






သနပ်ခါးကန်ပိန်း လုပ်ပြီးဆန္ဒထုတ်ဖော်တာ မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီပြီး ချစ်စရာကောင်းပေမယ့် ကိုဗစ်ရောဂါကိုလည်း မေ့ထားလို့မရတဲ့အတွက် Maskကိုမချွတ်ဖို့ ပြောလာတဲ့ ဥက္ကာမင်းမောင်

မင်းသား တစ်ယောက်လည်းဖြစ်သလို အလှမောင် တစ်ယောက်လည်းဖြစ်တဲ့ ဥက္ကာမင်းမောင် ကတော့ လက်ရှိမှာ အမေရိကန်နိုင်ငံ New York မြို့မှာ နေထိုင်နေသူတစ်ယောက်ဖြစ်ပြီး အနုပညာ အလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က သူကိုယ်တိုင်လည်း ပြည်ပရောက် မြန်မာလူမျိုးတွေနဲ့ အတူတူ ငြိမ်းချမ်းစွာ မြန်မာပြည်ကြီးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာဖြစ်ပြီး မြန်မာပြည်သူလူထု အတွက်လည်း သတင်းတွေမျိုးစုံကို မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဥက္ကာမင်းမောင်က သနပ်ခါးကန်ပိန်းလုပ်ပြီး ဆန္ဒထုတ်ဖော်တာကို သဘောကျပေမယ့် ကိုဗစ်ကိုလည်းမေ့ထားလို့မရကြောင်း ပြောလာတာကို တွေ့ရပါတယ်။

ဥက္ကာမင်းမောင်က “သနပ်ခါး Campaign မလုပ်ပါဆိုတဲ့ Post မှာ ကျွန်တော့် ဖြည့်စွက်ချက် အောက်မှာ ကွင်းစကွင်းပိတ်နဲ့ စတင်ကတည်းက ထည့်ထားပါတယ်.. သနပ်ခါး campaign idea ကို သဘောကျပါတယ်.. ဒါပေမဲ့ Covid လဲ မကူးစေချင်ပါဘူး.. Mask လဲ မချွတ်ပဲ သနပ်ခါး လိမ်းလို့ရပါတယ်..original uploader ရဲ့ စာကိုတော့ သူတို့ point of view ကိုသဘောကျလို့ ဘာမှမပြောင်းပဲ copy and paste လုပ်တင်တာပါ.. အားလုံးရဲ့ safety ကလဲ အရေးကြီးပါတယ်.. မတရားစွာဖြင့် ဖမ်းချင်သလို ဖမ်းနေကြတာလဲ အားလုံးအသိ ဆိုတော့ mask မချွတ်တာဟာ အရာရာ အတွက် ကာကွယ်ပေးထားသလိုပါပဲ… မြန်မာ့ သနပ်ခါးလေးတွေနဲ့ လှနေမယ့် ကျွန်တော်တို့ မြန်မာလေးများရဲ့ ပုံတွေကို မျှော်နေမယ်.. အားလုံးဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်” ဆိုပြီး သူ့ရဲ့ အမြင်ကို ပြောလာတာပဲ ဖြစ်ပါတယ်။

ဥက္ကာမင်းမောင် ကတော့ သနပ်ခါး ကန်ပိန်းလုပ်ပြီး ဆန္ဒထုတ်ဖော်တာ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီး ချစ်စရာကောင်းပေမယ့် ကိုဗစ်ရောဂါကိုလည်း မေ့ထားလို့မရတဲ့အတွက် Mask ကို မချွတ်ဖို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Okkar Min Maung’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment