Celebrity
Written by Ms Cele
Source: Nann Thuzar – နန်းသူဇာ’s fb
Credit:Cele Connections
သနပ်ခါး Day မှာပါဝင်မယ့် ပြည်သူတွေကို Covidကိုလည်းမမေ့ကြဖို့သတိပေးပြောကြားလိုက်တဲ့ နန်းသူဇာ
ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင် ထားတဲ့ သရုပ်ဆောင်၊ မော်ဒယ်လ် နန်းသူဇာကတော့ နုနုနယ်နယ် မိန်းကလေး တစ်ယောက်ဆိုပေမယ့် လက်ရှိမြန်မာ့ပြည်တွင်းအရေးတွေကြားမှာတော့ နေ့စဉ်နေ့တိုင်း လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့ တစ်သားတည်း ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းသူဇာက သူမလိုပဲ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေကို သနပ်ခါး Day မှာပါဝင်မယ်ဆို Mask လုံးဝမချွတ်ဖို့ ဆန္ဒပြကြမယ့် ပြည်သူလူထုကို သတိပေးစကားလေးဆိုလာတာကို တွေ့ရပါတယ်။
နန်းသူဇာက “မနက်ဖြန် သနပ်ခါး Day မှာပါဝင်မယ်ဆို အကြံလေး တစ်ခုပေးမယ်နော်။ လမ်းမှာတော့ Mask လုံးဝမချွတ်ပါနဲ့နော်။ သနပ်ခါးနဲ့ ဓါတ်ပုံလေးတွေ ရိုက်မယ်ဆို အိမ်မှာအရင်ရိုက် or ကိုယ့်အုပ်စု နဲ့ကိုယ် Board လေးတွေနဲ့ တစ်နေရာမှာလှလှလေးရိုက်ကြပါနော် ❤️ ဒါမှမဟုတ် နှဖူးပေါ်မှာ လိမ်း 😅 Covid ကြီးလဲ မမေ့နဲ့နော်။ စိတ်ပူတယ်။ ဂရုစိုက်ကြပါ။ အရေးတော်ပုံ အောင်ရမည် 💪🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတိပေးလာပါတယ်။
နန်းသူဇာ ကတော့ သနပ်ခါး Day မှာပါဝင်မယ်ဆို Covid ရောဂါပိုးကို သတိမေ့လျော့ဖြစ်ပြီး Mask လုံးဝ မချွတ်ဖို့ ဆန္ဒပြကြမယ့် ပြည်သူလူထုကို သတိပေးစကားလေး ဆိုလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Nann Thuzar – နနျးသူဇာ’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment