Celebrity


Written by Ms Cele





Source – Cherry Thin
Credit:Cele Zone

သန်လျင်က ပြည်သူတွေအတွက် လှူဒါန်းရင်း ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းကြီးကျောင်းအတွက်ပါ လှူဒါန်းခဲ့တဲ့ ချယ်ရီသင်းရဲ့ဗီဒီယို

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ချယ်ရီသင်း ကတော့ မနေ့က မနက်ပိုင်းက ရွှေပြည်သာကျူး ရပ်ကွက်မှာ ရှိတဲ့ ပြည်သူတွေ အိမ်ခြေ (၄၀၀)စာအတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ ပါတယ်။ ညနေပိုင်းမှာလည်း သန်လျင်ဘက်မှာရှိတဲ့ ပြည်သူတွေ အိမ်ခြေ (၄၀၀)ကျော်အတွက်လည်းလှူဒါန်းပေးခဲ့ပါသေးတယ်။

သန်လျင်က ပြည်သူတွေ အတွက် လှူဒါန်းပေးရင်း အနီးနားမှာရှိတဲ့ ဘုန်းကြီးကျောင်း အတွက် လည်း လှူဒါန်းပေးခဲ့ ပါသေးတယ်။ ဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာတော်တွေမတွက် ဆန်(၁)အိတ်၊ ကြက်သွန်၊အာလူး၊ ခရမ်းချဉ်သီးနဲ့ Mask တွေကိုပါလှူဒါန်းပေးခဲ့ တာပဲဖြစ်ပါတယ်။ ချယ်ရီသင်းက သူနဲ့သူ့ပရိသတ်တွေရဲ့စုပေါင်းအလှူလေးဖြစ်ပြီး အခုလို ကာလမှာ ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော်တွေအတွက် ပါလှူဒါန်းပေးနိုင်ခဲ့တာကြောင့် ပီတိဖြစ်နေခဲ့ပါသေးတယ်။

ချယ်ရီသင်း ကတော့ အခုလို ကာလမှာ လှူဒါန်းနိုင်တဲ့ သူတွေလည်း တတ်နိုင်သလောက် လှူဒါန်းပေးရင်အဆင်မပြေတဲ့သူတွေအတွက် တကယ်အထောက်အကူဖြစ်တာမို့ လှူဒါန်းနိုင်ရင်လှူဒါန်းပေးကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။ ချယ်ရီသင်းကတော့ နောက်ထပ်လည်း သူ့ရဲ့အလှူရှင်တွေနဲ့ တတ်နိုင်သလောက်လိုက်လံလှူဒါန်းပေးမှပါတဲ့ပရိသတ်ကြီးရေ။

Source – Cherry Thin
Credit:Cele Zone

About the author

Ms Cele

Leave a Comment