Knowledge

သန္း ၾကြယ္ သူေဌး တခ်ိဳ႕သာ ဝယ္ပတ္ နိုင္တဲ့ ကမၻာ့ ေဈး အႀကီး ဆုံး နာရီ မ်ား

Written by Ms Cele

သန္း ၾကြယ္ သူေဌး တခ်ိဳ႕သာ ဝယ္ပတ္ နိုင္တဲ့ ကမၻာ့ ေဈး အႀကီး ဆုံး နာရီ မ်ား

ေအာင္ျမင္တဲ့ စီးပြားေရး လုပ္ငန္းရွင္ ( ဒါမွမဟုတ္ ) နာမည္ေက်ာ္ၾကား တဲ့သူေတြ ရဲ့ အျပင္အဆင္ ေတြထဲမွာ နာရီဆိုတာ ကလည္း မပါမျဖစ္လို႔ေတာင္ ေျပာရမွာပါ ။ ဒါ့ေၾကာင့္ အခုတစ္ခါ မွာေတာ့ နာရီကို စြဲလန္း ႀကိဳက္ႏွစ္သက္သူေတြ အတြက္ ကမၻာေပၚက ေဈးအႀကီးဆုံး နာရီ အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။ ဘယ္လို နာရီေတြ ပါမလဲ ဆိုတာ ကေတာ့ ေအာက္က ပုံေလးေတြ တစ္ပုံခ်င္းစီကို ၾကည့္လိုက္ပါဦးေနာ္ ။

၁။ GRAFF DIAMONDS HALLUCINATION ( ေဒၚလာ ၅၅ သန္း )ကမၻာ့ေဈး အႀကီးဆုံး နာရီစာရင္းရဲ့ နံပါတ္ ( ၁ ) ေနရာမွာ ရွိေနတာကေတာ့ GRAFF DIAMONDS HALLUCINATION ဆိုတဲ့ နာရီပဲ ျဖစ္ပါတယ္ ။ဒီနာရီကိုေတာ့ Baselworld ဆိုတဲ့ လက္ပတ္ နာရီနဲ႔ လက္ဝတ္ရတနာ ျပပြဲမွာ စတင္မိတ္ဆက္ ျပသခဲ့တာ ျဖစ္ပါတယ္ ။ နာရီ တစ္ခုလုံးကို စိန္ (၁၁၀) ကာရက္ နဲ႔ တန္ဆာဆင္ေပး ထားၿပီး စိန္အေရာင္ေပါင္း မ်ားစြာထည့္ ေပးထားတာေၾကာင့္ အလင္းေရာင္ ထဲေရာက္ သြားရင္ တလက္လက္နဲ႔ ေတာက္ပေနမွာပဲ ျဖစ္ပါတယ္ ။ shwekhitonlinetv.com

၂။ GRAFF DIAMONDS THE FASCINATION ( ေဒၚလာ သန္း ၄၀ )နံပါတ္ ( ၂ ) ေနရာမွာေတာ့ GRAFF DIAMONDS THE FASCINATION ဆိုတဲ့ နာရီေလးက ေနရာယူထားပါတယ္။ ဒီနာရီေလးကိုေတာ့ စိန္ ၁၅၂.၉၆ ကာရက ္ ပါဝင္ၿပီး အလယ္တည့္တည့္က စိန္ရဲ့ အေလးခ်ိန္ကေတာ့ ၃၈.၁၄ ကာရက္ အေလးခ်ိန္ ရွိပါတယ္ ။ အလယ္တည့္တည့္က စိန္က ဘယ္ေလာက္ ေတာင္ ႀကီးလဲဆိုရင္ လက္စြပ္ထဲ ထည့္ၿပီးေတာင္ ဝတ္ဆင္လို႔ရပါတယ္တဲ့ ။ ဒီနာရီေလးမွာေတာ့ အေပၚက နာရီမွာလိုမ်ိဳး စိန္ အေရာင္မ်ိဳးစုံ မပါေတာ့ပဲ အေရာင္ တစ္မ်ိဳးတည္းနဲ႔ သာ ဒီဇိုင္း ေဖာ္ေပးထားတာပဲ ျဖစ္ပါတယ္ ။

၃။ BREGUET NO. 160 ( ေဒၚလာ သန္း ၃၀ )ေနာက္ထပ္ ေဖာ္ျပေပးမွာ ကေတာ့ နံပါတ္ ( ၃ ) ေနရာမွာ ရွိေနတဲ့ Breguet No. 160 ဆိုတဲ့ နာရီေလးပဲ ျဖစ္ပါတယ္ ။ ဒီနာရီေလးကေတာ့ ေရွးေဟာင္းနာရီတစ္လုံး ျဖစ္ၿပီး ဆြစ္ဇာလန္ လူမ်ိဳး Abraham-Louis Breguet ဆိုသူက ဘုရင္မ Marie-Antoinette အတြက္ ၁၇၈၂ ခုႏွစ္မွာ စတင္ ဖန္တီးေပး ခဲ့တာပဲ ျဖစ္ပါတယ္ ။ ဒါေပမယ့္ လည္း အၿပီး မသတ္နိုင္ခဲ့ပဲ ဘုရင္မ Marie-Antoinette ကြပ္မ်က္ ခံရၿပီး ၁၈၇၂ ခုႏွစ္ ေရာက္မွသာ Breguet ရဲ့ သားျဖစ္သူက ဒီနာရီေလးကို အၿပီးသတ္ ဖန္တီးေပးခဲ့တာပဲ ျဖစ္ပါတယ္ ။ အေစာပိုင္းတုန္းကေတာ့ ဒီနာရီေလး ကို ေဂ်႐ုစလင္ၿမိဳ႕က ျပတိုက္တစ္ခုမွာ ျပသထားခဲ့ၿပီး ၁၉၈၃ ခုႏွစ္မွာ ခိုးယူခံလိုက္ ရပါေသးတယ္ ။ ေနာက္ပိုင္းမွာေတာ့ ျပန္လည္ရရွိခဲ့ကာ ျပဳျပင္မြမ္းမံ ခဲ့ၿပီး Mayer လို႔ေခၚတဲ့ ျပတိုက္မွာ ယေန႔အခ်ိန္ အထိ ျပသထားပါတယ္ ။

၄။ CHOPARD 201 ( ေဒၚလာ ၂၅ သန္း )ကမၻာ့ေဈးအႀကီးဆုံး နာရီစာရင္းရဲ့ နံပါတ္ ( ၄ ) ေနရာမွာ ရွိေနတာကေတာ့ CHOPARD 201 ျဖစ္ၿပီး Carat Watch လို႔ ေခၚၾကပါတယ္ ။ ဒီနာရီ ကိုေတာ့ အေရာင္စုံလင္လွတဲ့ စိန္ အလုံးေပါင္း (၈၇၄ ) လုံးနဲ႔ ပုံေဖာ္ေပး ထားၿပီး စိန္အားလုံးရဲ့ အေလးခ်ိန္ဟာ (၂၀၁ ) ကာရက္ ရွိပါတယ္တဲ့ ။ Chopard နာရီရဲ့ အလယ္ တည့္တည့္မွာ အဝါ ၊ ပန္းေရာင္ နဲ႔ အျပာ ေရာင္ အသည္းပုံစံ စိန္ ( ၃ ) လုံး ထည့္ေပးထားပါေသးတယ္ ။

၅။ PATEK PHILIPPE SUPERCOMPLICATION ( ေဒၚလာ ၂၄ သန္း )ဒီနာရီေလး ကေတာ့ အိတ္ေဆာင္နာရီ အမ်ိဳးအစားျဖစ္ၿပီး ၁၉၃၃ ခုႏွစ္တုန္းက Patek Philippe ဆိုတဲ့ ဒီဇိုင္းပညာရွင္ တစ္ေယာက္ဟာ ဘဏ္လုပ္ငန္းရွင္ တစ္ဦးျဖစ္တဲ့ Henry Graves Jr အတြက္ ဖန္တီးေပးခဲ့တာပဲ ျဖစ္ပါတယ္ ။ နာရီရဲ့ ဒီဇိုင္းကို ဖန္တီးဖို႔အတြက္ အခ်ိန္ ( ၅ ) ႏွစ္မၽွ ၾကာျမင့္ခဲ့ၿပီး features ေပါင္း ( ၂၅ ) ခုေလာက္ ထည့္သြင္းေပးထားပါတယ္ ။

၆။ JACOB & CO. BILLIONAIRE WATCH ( ေဒၚလာ ၁၈ သန္း )The Billionaire watch လို႔ ေခၚတဲ့ နာရီမွာေတာ့ ၂၆၀ ကာရက္ရွိတဲ့ စိန္ေတြကို ထည့္သြင္း ေပးထားၿပီး စိန္အလုံးေပါင္း ၁၆၇ လုံး ပါဝင္ကာ တစ္ျခားေသာ ေက်ာက္မ်က္ရတနာ ( ၁၉ ) ခုလည္း ပါပါ ေသးတယ္ ။ နာရီရဲ့ မ်က္ႏွာျပင္နဲ႔ လက္ပတ္ႀကိဳး ကိုေတာ့ ေရႊျဖဴ 18k နဲ႔ တန္ဆာဆင္ ထားပါတယ္ ။ အခုေဖာ္ျပေပးထားတာကေတာ့ ကမၻာေပၚက တန္ဖိုးအႀကီးမားဆုံး နာရီေတြ အေၾကာင္းကို စုစည္းေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္ ။

crd

သန်း ကြွယ် သူဌေး တချို့သာ ဝယ်ပတ် နိုင်တဲ့ ကမ္ဘာ့ ဈေး အကြီး ဆုံး နာရီ များ

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ( ဒါမှမဟုတ် ) နာမည်ကျော်ကြား တဲ့သူတွေ ရဲ့ အပြင်အဆင် တွေထဲမှာ နာရီဆိုတာ ကလည်း မပါမဖြစ်လို့တောင် ပြောရမှာပါ ။ ဒါ့ကြောင့် အခုတစ်ခါ မှာတော့ နာရီကို စွဲလန်း ကြိုက်နှစ်သက်သူတွေ အတွက် ကမ္ဘာပေါ်က ဈေးအကြီးဆုံး နာရီ အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော် ။ ဘယ်လို နာရီတွေ ပါမလဲ ဆိုတာ ကတော့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။

၁။ GRAFF DIAMONDS HALLUCINATION ( ဒေါ်လာ ၅၅ သန်း )ကမ္ဘာ့ဈေး အကြီးဆုံး နာရီစာရင်းရဲ့ နံပါတ် ( ၁ ) နေရာမှာ ရှိနေတာကတော့ GRAFF DIAMONDS HALLUCINATION ဆိုတဲ့ နာရီပဲ ဖြစ်ပါတယ် ။ဒီနာရီကိုတော့ Baselworld ဆိုတဲ့ လက်ပတ် နာရီနဲ့ လက်ဝတ်ရတနာ ပြပွဲမှာ စတင်မိတ်ဆက် ပြသခဲ့တာ ဖြစ်ပါတယ် ။ နာရီ တစ်ခုလုံးကို စိန် (၁၁၀) ကာရက် နဲ့ တန်ဆာဆင်ပေး ထားပြီး စိန်အရောင်ပေါင်း များစွာထည့် ပေးထားတာကြောင့် အလင်းရောင် ထဲရောက် သွားရင် တလက်လက်နဲ့ တောက်ပနေမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ GRAFF DIAMONDS THE FASCINATION ( ဒေါ်လာ သန်း ၄၀ )နံပါတ် ( ၂ ) နေရာမှာတော့ GRAFF DIAMONDS THE FASCINATION ဆိုတဲ့ နာရီလေးက နေရာယူထားပါတယ်။ ဒီနာရီလေးကိုတော့ စိန် ၁၅၂.၉၆ ကာရက ် ပါဝင်ပြီး အလယ်တည့်တည့်က စိန်ရဲ့ အလေးချိန်ကတော့ ၃၈.၁၄ ကာရက် အလေးချိန် ရှိပါတယ် ။ အလယ်တည့်တည့်က စိန်က ဘယ်လောက် တောင် ကြီးလဲဆိုရင် လက်စွပ်ထဲ ထည့်ပြီးတောင် ဝတ်ဆင်လို့ရပါတယ်တဲ့ ။ ဒီနာရီလေးမှာတော့ အပေါ်က နာရီမှာလိုမျိုး စိန် အရောင်မျိုးစုံ မပါတော့ပဲ အရောင် တစ်မျိုးတည်းနဲ့ သာ ဒီဇိုင်း ဖော်ပေးထားတာပဲ ဖြစ်ပါတယ် ။

၃။ BREGUET NO. 160 ( ဒေါ်လာ သန်း ၃၀ )နောက်ထပ် ဖော်ပြပေးမှာ ကတော့ နံပါတ် ( ၃ ) နေရာမှာ ရှိနေတဲ့ Breguet No. 160 ဆိုတဲ့ နာရီလေးပဲ ဖြစ်ပါတယ် ။ ဒီနာရီလေးကတော့ ရှေးဟောင်းနာရီတစ်လုံး ဖြစ်ပြီး ဆွစ်ဇာလန် လူမျိုး Abraham-Louis Breguet ဆိုသူက ဘုရင်မ Marie-Antoinette အတွက် ၁၇၈၂ ခုနှစ်မှာ စတင် ဖန်တီးပေး ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် လည်း အပြီး မသတ်နိုင်ခဲ့ပဲ ဘုရင်မ Marie-Antoinette ကွပ်မျက် ခံရပြီး ၁၈၇၂ ခုနှစ် ရောက်မှသာ Breguet ရဲ့ သားဖြစ်သူက ဒီနာရီလေးကို အပြီးသတ် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။ အစောပိုင်းတုန်းကတော့ ဒီနာရီလေး ကို ဂျေရုစလင်မြို့က ပြတိုက်တစ်ခုမှာ ပြသထားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ခိုးယူခံလိုက် ရပါသေးတယ် ။ နောက်ပိုင်းမှာတော့ ပြန်လည်ရရှိခဲ့ကာ ပြုပြင်မွမ်းမံ ခဲ့ပြီး Mayer လို့ခေါ်တဲ့ ပြတိုက်မှာ ယနေ့အချိန် အထိ ပြသထားပါတယ် ။

၄။ CHOPARD 201 ( ဒေါ်လာ ၂၅ သန်း )ကမ္ဘာ့ဈေးအကြီးဆုံး နာရီစာရင်းရဲ့ နံပါတ် ( ၄ ) နေရာမှာ ရှိနေတာကတော့ CHOPARD 201 ဖြစ်ပြီး Carat Watch လို့ ခေါ်ကြပါတယ် ။ ဒီနာရီ ကိုတော့ အရောင်စုံလင်လှတဲ့ စိန် အလုံးပေါင်း (၈၇၄ ) လုံးနဲ့ ပုံဖော်ပေး ထားပြီး စိန်အားလုံးရဲ့ အလေးချိန်ဟာ (၂၀၁ ) ကာရက် ရှိပါတယ်တဲ့ ။ Chopard နာရီရဲ့ အလယ် တည့်တည့်မှာ အဝါ ၊ ပန်းရောင် နဲ့ အပြာ ရောင် အသည်းပုံစံ စိန် ( ၃ ) လုံး ထည့်ပေးထားပါသေးတယ် ။

၅။ PATEK PHILIPPE SUPERCOMPLICATION ( ဒေါ်လာ ၂၄ သန်း )ဒီနာရီလေး ကတော့ အိတ်ဆောင်နာရီ အမျိုးအစားဖြစ်ပြီး ၁၉၃၃ ခုနှစ်တုန်းက Patek Philippe ဆိုတဲ့ ဒီဇိုင်းပညာရှင် တစ်ယောက်ဟာ ဘဏ်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Henry Graves Jr အတွက် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။ နာရီရဲ့ ဒီဇိုင်းကို ဖန်တီးဖို့အတွက် အချိန် ( ၅ ) နှစ်မျှ ကြာမြင့်ခဲ့ပြီး features ပေါင်း ( ၂၅ ) ခုလောက် ထည့်သွင်းပေးထားပါတယ် ။

၆။ JACOB & CO. BILLIONAIRE WATCH ( ဒေါ်လာ ၁၈ သန်း )The Billionaire watch လို့ ခေါ်တဲ့ နာရီမှာတော့ ၂၆၀ ကာရက်ရှိတဲ့ စိန်တွေကို ထည့်သွင်း ပေးထားပြီး စိန်အလုံးပေါင်း ၁၆၇ လုံး ပါဝင်ကာ တစ်ခြားသော ကျောက်မျက်ရတနာ ( ၁၉ ) ခုလည်း ပါပါ သေးတယ် ။ နာရီရဲ့ မျက်နှာပြင်နဲ့ လက်ပတ်ကြိုး ကိုတော့ ရွှေဖြူ 18k နဲ့ တန်ဆာဆင် ထားပါတယ် ။ အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်က တန်ဖိုးအကြီးမားဆုံး နာရီတွေ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။

crd

About the author

Ms Cele

Leave a Comment