Celebrity


Written by Ms Cele





Credit:Cele Gabar

သဘာဝတရားရိပ်သာ ဆေးကုသဆောင် မှCovid ရောဂါကူးဆက် ခံနေရတဲ့ အဘိုးအဘွားများ အတွက် ထဘီ ပုဆိုး အဟောင်းများ အလှူခံခဲ့တဲ့ အဆိုတော် ရွှေရည်သိန်းတန်

တခေတ်တစ်ခါက ပရိသတ်တွေအားပေးခဲ့ရတဲ့ မြန်မာသံတေး သံရှင် တွံတေးသိန်းတန်ရဲ့ သမီးဖြစ်တဲ့ အဆို တော် ရွှေရည် သိန်းတန်က ကိုဗစ်ကာလမှာ ပုဆိုး ထဘီ အဟောင်း များကို အရေးပေါ်အလှူခံလျက် ရှိပါတယ် ။ သားသမီး တွေရဲ့ အရိပ်အောက် မနေရရှာဘဲ ဆရာတော်ရဲ့ အရိပ်အောက် ခိုလှုံ နေရတဲ့ ဘိုးဘွား တို့အတွက် အရေးပေါ် အလှုခံခဲ့ တာပဲဖြစ်ပါတယ် ။

သဘာဝတရားရိပ်သာ ဆေးကုသဆောင် မှ အိပ်ယာ ကျောကပ် ဘိုးဘွား များဟာ Covid ရောဂါ ကူးဆက်ခံ နေရတဲ့ အတွက် သံလျင်ဆေးရုံမှာ ဘိုးဘွား ၃၉ ဦး တက်ရောက် ကုသ လျက်ရှိပါတယ် ။ သဘာဝဆေး ကုဆောင်မှာ (၅၂) ဦး ရှိရာ ဆီးဝမ်း များ သွားပြီးတာနဲ့ အဝတ် အစားများကို မီးရှို့ကာ ရောဂါ မပျံ့ပွားရေး ဆောင်ရွက်နေရတဲ့အတွက် ပုဆိုး အဟောင်း ထဘီ အဟောင်းများ အရေးပေါ်လိုအပ် နေတာပဲဖြစ်ပါတယ် ။ ဒါ့ကြောင့် ပရိသတ်များအနေနဲ့ ထဘီ ပုဆိုး အဟောင်းများ လှူဒါန်းပေးဖို့အတွက် မေတ္တောရပ်ခံကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာပါ ။

အိပ်ယာကျောကပ် လူမမာ ဘိုးဘွားများဖြစ်တဲ့ အတွက် Ensure ကွေကာအုပ်လို အာဟာရ များလည်း လှုဒါန်းနိုင်သလို ထဘီ ပုဆိုး အဟောင်း များကို သဘာဝဆွမ်းတန်း ကားများကို လှူဒါန်းနိုင်တဲ့ အကြောင်း ပရိသတ်တွေကို အသိပေး ဖော်ပြခဲ့ တာပဲဖြစ်ပါတယ် ။ လှူဒါန်းကုသိုလ်ယူ လိုသူတွေအနေနဲ့ ၂၀၂၀ ကုသိုလ်ဘဏ် ဆရာလေး အာသဝက္ခယဉာဏီ(ဒေါ်အေးအေးလှိုင်) ဖုန်း 09 250 985 988 / 09751 765 968 ကိုဆက်သွယ်
လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်နော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment