Celebrity

သမိုင္းအစဥ္အလာႀကီးတဲ့ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ေဇယ်ရဲ႕ ေျမးမေလး..ဘမ်ိဳးဘိုးတူ အိျႏၵာေက်ာ္ဇင္

Written by Ms Cele

သမိုင္းအစဥ္အလာႀကီးတဲ့ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ေဇယ်ရဲ႕ ေျမးမေလး..ဘမ်ိဳးဘိုးတူ အိျႏၵာေက်ာ္ဇင္

၂၀၀၁ ခုႏွစ္က ျပင္သစ္ႏိုင္ငံမွာ ျပဳလုပ္တဲ့ Pan-Asia Film Festival မွာ ထိုင္း႐ုပ္ရွင္ ဒါ ႐ို က္ တာ ႐ို က္တဲ့ ထိုင္း သမိုင္းေၾကာင္းဆိုင္ရာ ဇာတ္ကားတစ္ကားျပပါတယ္။ ၁၈ ရာစုမွာ ဗမာဘုရင္ေတြ ယိုးဒယားကို စစ္ခ်ီတဲ့ ျပကြက္ေတြ ပိုပိုသာသာ ႐ို က္ျပထားတဲ့ ဇာတ္ကားပါ။..

ဇာတ္ကားျပေနတုန္း မၿပီးခင္ သိပ္လွတဲ့ မင္းသမီးတစ္ေယာက္က ႐ုပ္ရွင္ျပခန္းထဲက ထ ထြက္သြားပါတယ္။အဲဒီ ထိုင္း ဒါ႐ို က္တာဟာ ႐ုပ္ရွင္ပြဲေတာ္ရဲ႕ အေကာင္းဆုံး ဒါ႐ိုက္တာဆုကို ဆြတ္ခူးခဲ့ၿပီး ထိုင္းႏိုင္ငံျပန္ေရာက္တဲ့အခါ ထိုင္းမီဒီယာေတြမွာ ျပင္သစ္႐ုပ္ရွင္ပြဲေတာ္ အေၾကာင္း ေျဖၾကားတဲ့အခါ သူ႔႐ုပ္ရွင္ မၿပီးခင္ ထ ထြက္သြားတဲ့ မင္းသမီးဟာ ျမန္မာမင္းသမီး အိျႏၵာေက်ာ္ဇင္ ျဖစ္တဲ့အေၾကာင္း၊ အိျႏၵာေက်ာ္ဇင္နဲ႔ စကားခဏေျပာခဲ့ရေၾကာင္း၊ ေဖာ္ေ႐ြၿပီး သိပ္လွတဲ့ အရည္အခ်င္းရွိတဲ့ မင္းသမီးတစ္လက္ ျဖစ္ေၾကာင္း၊..

အိျႏၵာေက်ာ္ဇင္က သူ ႐ို က္တဲ့ ထိုင္းသမိုင္း ႐ုပ္ရွင္အေၾကာင္း ေမးေၾကာင္း၊ အိျႏၵာေက်ာ္ဇင္နဲ႔ အႏုပညာလုပ္ငန္းေတြ လက္တြဲလုပ္ေဆာင္ခ်င္လို႔ ထပ္ၿပီး ဆက္သြယ္ခဲ့ေပမယ့္ သူမက ျငင္းခဲ့ေၾကာင္းေတြ ျပန္ေျပာျပခဲ့ပါတယ္။အဲဒီလို ျပတ္သားတဲ့ ေ႐ႊမင္းသမီးဟာ..သမိုင္းအစဥ္အလာႀကီးတဲ့ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ေဇယ်ရဲ႕ ေျမးမေလးတစ္ေယာက္ ျဖစ္ပါတယ္။အိျႏၵာေက်ာ္ဇင္ရဲ႕ အေမ ေဒၚဂ်ဴလီေဇယ် ေခၚ ေဒၚျမသီတာ ဟာ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ေဇယ်ရဲ႕ သမီး ၅ ေယာက္ထဲက အေဖျဖစ္သူ ဗိုလ္ေဇယ်နဲ႔ အတူဆုံး သမီးပါ။..

သမိုင္း အစဥ္အလာ ႀကီးမားတဲ့ ရဲေဘာ္သုံးက်ိပ္မွာ ဗိုလ္ေအာင္ဆန္း ၿပီးရင္ ဗိုလ္လက်ာ္နဲ႔ ဗိုလ္ေဇယ်က ဒုတိယနဲ႔ တတိယေခါင္းေဆာင္ လို႔ ဗိုလ္ေက်ာ္ေဇာ သမီး ေဒါက္တာ လွေက်ာ္ေဇာက ေရးဖူးပါတယ္။၁၉၃၈ ခုႏွစ္ ရန္ကုန္ၿမိဳ႕မွာ ဗိုလ္ေအာင္ေက်ာ္..အေရးအခင္း မျဖစ္ခင္ ရက္ပိုင္းအလို ဒီဇင္ဘာလ ၁၅ ရက္ေန႔က နယ္ခ်ဲ႕အစိုးရကို ပထမဆုံးအႀကိမ္ လမ္းေပၚထြက္ ဆႏၵျပခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြထဲက ကိုေဌးၿမိဳင္ (ဒဂုန္တာရာ) ကလည္း အိျႏၵာေက်ာ္ဇင္ရဲ႕ ဦးႀကီး ေတာ္စပ္ပါတယ္။..

အဲဒီတုန္းက နယ္ခ်ဲ႕အစိုးရဟာ အခုလိုပဲ ပုဒ္မ ၁၄၄ ထုတ္ထားၿပီး၊ ၿမိဳ႕ထဲမွာ သံခ်ပ္ကားေတြနဲ႔ အင္အားျပေနတဲ့ၾကားက အာဏာဖီ ဆန္ၿပီး လမ္းေပၚထြက္ခဲ့ၾကတယ္လို႔ ဒဂုန္တာရာက ျပန္ေရးခဲ့ပါတယ္။၁၉၃၈ ခုႏွစ္ ဒီဇင္ဘာလ ၂၀ ရက္ေန႔ ရန္ကုန္ ဗိုလ္ေအာင္ေက်ာ္..လမ္းေပၚမွာ ဆႏၵျပေက်ာင္းသားေတြကို နယ္ခ်ဲ႕အစိုးရက ၿဖိဳ ခြ င္းလို႔ ဗိုလ္ေအာင္ေက်ာ္ က်ဆုံးခဲ့ရတဲ့အတြက္ အေရးယူေပးဖို႔ မႏၲေလးမွာ ဆႏၵထြက္ျပၾကတဲ့အထဲပါဝင္ခဲ့တဲ့ ျဖဴျဖဴေခ်ာေခ်ာ ေက်ာင္းသား ကိုလွေမာင္ဟာ အိျႏၵာေက်ာ္ဇင္ရဲ႕ အဘိုး ဗိုလ္ေဇယ်ပဲ ျဖစ္ပါတယ္။..

ဗိုလ္ေဇယ်ဟာ မိသားစုနဲ႔ တကြဲတျပား ေတာခိုရင္း က်ဆုံးခဲ့ရသလို၊ ဗိုလ္ေဇယ်ညီ ဦးစိုးဝင္းဟာလည္း ၁၉၈၈ အေရးအခင္းမွာ အဖမ္းခံရၿပီး ေထာင္ထဲမွာပဲ ကြယ္ လြန္ခဲ့ပါတယ္။က်န္ခဲ့တဲ့ မိသားတစုလုံး အမွန္တရားကို လိုလားလို႔ ဒုကၡသုကၡ မ်ိဳးစုံခံစားေနရတာ ဒီကေန႔အထိပါပဲ။..

crd

သမိုင်းအစဉ်အလာကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ မြေးမလေး..ဘမျိုးဘိုးတူ အိန္ဒြာကျော်ဇင်

၂၀၀၁ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ Pan-Asia Film Festival မှာ ထိုင်းရုပ်ရှင် ဒါ ရို က် တာ ရို က်တဲ့ ထိုင်း သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကားတစ်ကားပြပါတယ်။ ၁၈ ရာစုမှာ ဗမာဘုရင်တွေ ယိုးဒယားကို စစ်ချီတဲ့ ပြကွက်တွေ ပိုပိုသာသာ ရို က်ပြထားတဲ့ ဇာတ်ကားပါ။..

ဇာတ်ကားပြနေတုန်း မပြီးခင် သိပ်လှတဲ့ မင်းသမီးတစ်ယောက်က ရုပ်ရှင်ပြခန်းထဲက ထ ထွက်သွားပါတယ်။အဲဒီ ထိုင်း ဒါရို က်တာဟာ ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးခဲ့ပြီး ထိုင်းနိုင်ငံပြန်ရောက်တဲ့အခါ ထိုင်းမီဒီယာတွေမှာ ပြင်သစ်ရုပ်ရှင်ပွဲတော် အကြောင်း ဖြေကြားတဲ့အခါ သူ့ရုပ်ရှင် မပြီးခင် ထ ထွက်သွားတဲ့ မင်းသမီးဟာ မြန်မာမင်းသမီး အိန္ဒြာကျော်ဇင် ဖြစ်တဲ့အကြောင်း၊ အိန္ဒြာကျော်ဇင်နဲ့ စကားခဏပြောခဲ့ရကြောင်း၊ ဖော်ရွေပြီး သိပ်လှတဲ့ အရည်အချင်းရှိတဲ့ မင်းသမီးတစ်လက် ဖြစ်ကြောင်း၊..

အိန္ဒြာကျော်ဇင်က သူ ရို က်တဲ့ ထိုင်းသမိုင်း ရုပ်ရှင်အကြောင်း မေးကြောင်း၊ အိန္ဒြာကျော်ဇင်နဲ့ အနုပညာလုပ်ငန်းတွေ လက်တွဲလုပ်ဆောင်ချင်လို့ ထပ်ပြီး ဆက်သွယ်ခဲ့ပေမယ့် သူမက ငြင်းခဲ့ကြောင်းတွေ ပြန်ပြောပြခဲ့ပါတယ်။အဲဒီလို ပြတ်သားတဲ့ ရွှေမင်းသမီးဟာ..သမိုင်းအစဉ်အလာကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ မြေးမလေးတစ်ယောက် ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ အမေ ဒေါ်ဂျူလီဇေယျ ခေါ် ဒေါ်မြသီတာ ဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ သမီး ၅ ယောက်ထဲက အဖေဖြစ်သူ ဗိုလ်ဇေယျနဲ့ အတူဆုံး သမီးပါ။..

သမိုင်း အစဉ်အလာ ကြီးမားတဲ့ ရဲဘော်သုံးကျိပ်မှာ ဗိုလ်အောင်ဆန်း ပြီးရင် ဗိုလ်လကျာ်နဲ့ ဗိုလ်ဇေယျက ဒုတိယနဲ့ တတိယခေါင်းဆောင် လို့ ဗိုလ်ကျော်ဇော သမီး ဒေါက်တာ လှကျော်ဇောက ရေးဖူးပါတယ်။၁၉၃၈ ခုနှစ် ရန်ကုန်မြို့မှာ ဗိုလ်အောင်ကျော်..အရေးအခင်း မဖြစ်ခင် ရက်ပိုင်းအလို ဒီဇင်ဘာလ ၁၅ ရက်နေ့က နယ်ချဲ့အစိုးရကို ပထမဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက ကိုဌေးမြိုင် (ဒဂုန်တာရာ) ကလည်း အိန္ဒြာကျော်ဇင်ရဲ့ ဦးကြီး တော်စပ်ပါတယ်။..

အဲဒီတုန်းက နယ်ချဲ့အစိုးရဟာ အခုလိုပဲ ပုဒ်မ ၁၄၄ ထုတ်ထားပြီး၊ မြို့ထဲမှာ သံချပ်ကားတွေနဲ့ အင်အားပြနေတဲ့ကြားက အာဏာဖီ ဆန်ပြီး လမ်းပေါ်ထွက်ခဲ့ကြတယ်လို့ ဒဂုန်တာရာက ပြန်ရေးခဲ့ပါတယ်။၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရန်ကုန် ဗိုလ်အောင်ကျော်..လမ်းပေါ်မှာ ဆန္ဒပြကျောင်းသားတွေကို နယ်ချဲ့အစိုးရက ဖြို ခွ င်းလို့ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့အတွက် အရေးယူပေးဖို့ မန္တလေးမှာ ဆန္ဒထွက်ပြကြတဲ့အထဲပါဝင်ခဲ့တဲ့ ဖြူဖြူချောချော ကျောင်းသား ကိုလှမောင်ဟာ အိန္ဒြာကျော်ဇင်ရဲ့ အဘိုး ဗိုလ်ဇေယျပဲ ဖြစ်ပါတယ်။..

ဗိုလ်ဇေယျဟာ မိသားစုနဲ့ တကွဲတပြား တောခိုရင်း ကျဆုံးခဲ့ရသလို၊ ဗိုလ်ဇေယျညီ ဦးစိုးဝင်းဟာလည်း ၁၉၈၈ အရေးအခင်းမှာ အဖမ်းခံရပြီး ထောင်ထဲမှာပဲ ကွယ် လွန်ခဲ့ပါတယ်။ကျန်ခဲ့တဲ့ မိသားတစုလုံး အမှန်တရားကို လိုလားလို့ ဒုက္ခသုက္ခ မျိုးစုံခံစားနေရတာ ဒီကနေ့အထိပါပဲ။..

crd

About the author

Ms Cele

Leave a Comment