Celebrity

သမီးငယ္ေလးကို ေမြးဖြားဖို႕ ခင္ပြန္းျဖစ္သူရွိတဲ့ အီတလီကို လိုက္သြားၿပီျဖစ္တဲ့ ခ်မ္းခ်မ္း

Written by Ms Cele

သမီးငယ္ေလးကို ေမြးဖြားဖို႕ ခင္ပြန္းျဖစ္သူရွိတဲ့ အီတလီကို လိုက္သြားၿပီျဖစ္တဲ့ ခ်မ္းခ်မ္း

ဒုတိယရင္ေသြး သမီးေလးကိုေတာ့ ခင္ပြန္းရွိတဲ့အီတလီမွာ ေမြးဖြားခ်င္တာမို႔ ခ်မ္းခ်မ္းက သူမခင္ပြန္းရွိတဲ့ အီတလီနိုင္ငံကို လိုက္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ မီးဖြားခ်ိန္မွာ အနားမွာခင္ပြန္းရွိေတာ့ ပိုၿပီးအားတက္တာေၾကာင့္ အခုလိုလိုက္သြားပုံပါပဲ ပရိသတ္ႀကီးေရ။ ကိုယ္ဝန္ အရင့္အမာနဲ႔လိုက္ပါသြားတာမို႔ ပရိသတ္ေတြက စိတ္ပူၿပီး ဂ႐ုစိုက္ဖို႔လည္း မွာခဲ့ၾကပါေသးတယ္။

ခ်စ္ရတဲ့ သမီးႀကီးေလးရဲ့ အသက္ (၇) ႏွစ္ျပည့္ေမြးေန႔မွာလည္း သမီးေလးလိုခ်င္တဲ့ သိုက္သိုက္ ဝန္းဝန္း မိသားစုဘဝေလးကို မၾကာခင္မွာေနရေတာ့မယ့္ အေၾကာင္း ေျပာခဲ့ပါေသးတယ္။ ညီမေလးေနာက္ထပ္ တစ္ေယာက္ ထပ္ရေတာ့မွာမို႔ ဂဂၤါေလးလည္း အရမ္းကိုေပ်ာ္ေနခဲ့ပါတယ္။ ေမေမ့ရဲ့ဗိုက္ေလးကို တကိုင္ကိုင္နဲ႔ေပ်ာ္မဆုံးျဖစ္ေနတဲ့ သမီးႀကီးေလးရဲ့ ပုံရိပ္ဟာ ေမေမ့ အတြက္ေတာ့ ေက်နပ္စရာပါ။

အီတလီကိုလိုက္သြားေတာ့မယ့္အေၾကာင္းကို ” Heading to Italy!!! I miss all my fans and my friends!!! Mom and dad take care. Miss u ginngar and my hubby. God bless the trip!! I m alone for the long journey but I m strong enough to do this..god bless my trip to Italy. ” ဆိုၿပီး ခ်မ္းခ်မ္းကေျပာျပလာ ခဲ့ပါတယ္။ လမ္းခရီးအႏၲာရယ္ကင္းၿပီး ရင္ေသြးေလးကို ေခ်ာေခ်ာေမြ႕ေမြ႕ ေမြးဖြားနိုင္ပါေစ။

Credit:Cele Zone
Source:Chan Chan

သမီးငယ်လေးကို မွေးဖွားဖို့ ခင်ပွန်းဖြစ်သူရှိတဲ့ အီတလီကို လိုက်သွားပြီဖြစ်တဲ့ ချမ်းချမ်း

ဒုတိယရင်သွေး သမီးလေးကိုတော့ ခင်ပွန်းရှိတဲ့အီတလီမှာ မွေးဖွားချင်တာမို့ ချမ်းချမ်းက သူမခင်ပွန်းရှိတဲ့ အီတလီနိုင်ငံကို လိုက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ မီးဖွားချိန်မှာ အနားမှာခင်ပွန်းရှိတော့ ပိုပြီးအားတက်တာကြောင့် အခုလိုလိုက်သွားပုံပါပဲ ပရိသတ်ကြီးရေ။ ကိုယ်ဝန် အရင့်အမာနဲ့လိုက်ပါသွားတာမို့ ပရိသတ်တွေက စိတ်ပူပြီး ဂရုစိုက်ဖို့လည်း မှာခဲ့ကြပါသေးတယ်။

ချစ်ရတဲ့ သမီးကြီးလေးရဲ့ အသက် (၇) နှစ်ပြည့်မွေးနေ့မှာလည်း သမီးလေးလိုချင်တဲ့ သိုက်သိုက် ဝန်းဝန်း မိသားစုဘဝလေးကို မကြာခင်မှာနေရတော့မယ့် အကြောင်း ပြောခဲ့ပါသေးတယ်။ ညီမလေးနောက်ထပ် တစ်ယောက် ထပ်ရတော့မှာမို့ ဂင်္ဂါလေးလည်း အရမ်းကိုပျော်နေခဲ့ပါတယ်။ မေမေ့ရဲ့ဗိုက်လေးကို တကိုင်ကိုင်နဲ့ပျော်မဆုံးဖြစ်နေတဲ့ သမီးကြီးလေးရဲ့ ပုံရိပ်ဟာ မေမေ့ အတွက်တော့ ကျေနပ်စရာပါ။

အီတလီကိုလိုက်သွားတော့မယ့်အကြောင်းကို ” Heading to Italy!!! I miss all my fans and my friends!!! Mom and dad take care. Miss u ginngar and my hubby. God bless the trip!! I m alone for the long journey but I m strong enough to do this..god bless my trip to Italy. ” ဆိုပြီး ချမ်းချမ်းကပြောပြလာ ခဲ့ပါတယ်။ လမ်းခရီးအန္တာရယ်ကင်းပြီး ရင်သွေးလေးကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ပါစေ။

Credit:Cele Zone
Source:Chan Chan

About the author

Ms Cele

Leave a Comment