Celebrity

သမီးငယ္ေလး ႀကိဳက္တဲ့ အဆိုေတာ္ နီနီခင္ေဇာ္ကို The Voice စင္ျမင့္ေပၚမွာ ဆံုေတြ့ခြင့္ရေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့ က်ားေပါက္

Written by Ms Cele

သမီးငယ္ေလး ႀကိဳက္တဲ့ အဆိုေတာ္ နီနီခင္ေဇာ္ကို The Voice စင္ျမင့္ေပၚမွာ ဆံုေတြ့ခြင့္ရေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့ က်ားေပါက္

Big Bag Band ရဲ့ ပင္တိုင္အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ ဟန္ထူးလြင္ ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုနွစ္ေက်ာ္ ကတည္းက Alternative သီခ်င္းေတြနဲ့ လူငယ္ ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရိွထားသူပါ။ ဟန္ထူးလြင္က သူဝါသနာပါရာ အနုပညာ အလုပ္ေတြကို လုပ္ကိုင္ဖို့ သူ့ရဲ့ သြားဆရာဝန္ဆိုတဲ့ ဂုဏ္ပုဒ္ကို စြန့္လႊတ္ထား သူပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ေရးနဲ့ ပက္သတ္ျပီးလည္း မၾကာေသးခင္ ကမွ အိမ္ေထာင္နဲ့ ကြာရွင္းထားတဲ့ ဟန္ထူးလြင္က သူ့ရဲ့သမီးေလး နွစ္ေယာက္ကိုလည္း အခ်ိန္ေပးျပီး ဂရုစိုက္ေနတာပဲ ျဖစ္ပါတယ္။

သမီးေလးေတြကို အရမ္းခ်စ္ျပီး လိုေလေသး မရိွျပည့္စံုေအာင္ထားတဲ့ ဟန္ထူးလြင္က ဒီတစ္ခါ မွာလည္း သူ့ရဲ့ အငယ္ဆံုး သမီးေလး ဆြိခ်ိဳရဲ့ ဆႏၵတစ္ခုကို ျဖည့္စည္းေပးခဲ့ပါတယ္။ ဟန္ထူးလြင္က သမီးငယ္ဆြိခ်ိဳ အၾကိဳက္ဆံုး အဆိုေတာ္ နီနီခင္ေဇာ္ကို The Voice စင္ျမင့္ေပၚမွာ ဆံုေတြ့ခြင့္ရေအာင္ ဖန္တီးေပးခဲ့ျပီး သမီးငယ္ အတြက္ ဝမ္းသာေပ်ာ္ရႊင္သြားရေအာင္ သူတတ္နိုင္တဲ့ဘက္ကေန ျပဳလုပ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။

က်ားေပါက္ရဲ့ သမီးငယ္ေလး ဆြိခ်ိဳကေတာ့ ငယ္ငယ္ ကတည္းက နီနီခင္ေဇာ္ကို အရမ္းၾကိဳက္သူ ျဖစ္ျပီး က်ားေပါက္က နီနီခင္ေဇာ္ဆီ ဖုန္းဆက္ေပး ရတာတုိ့၊ အျပင္မွာ ေတြ့ခြင့္ရေအာင္တို့ ရံဖန္ရံခါ ျပဳလုပ္ေပးရတာ ျဖစ္ပါတယ္။ ဆြိခ်ိဳေလးလည္း မမနီနီခင္ေဇာ္ နဲ့ ေတြ့ရလို့ အရမ္းေပ်ာ္ေနမွာ ေသခ်ာပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို ႔ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

သမီးငယ်လေး ကြိုက်တဲ့ အဆိုတော် နီနီခင်ဇော်ကို The Voice စင်မြင့်ပေါ်မှာ ဆုံတွေ့ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့တဲ့ ကျားပေါက်

Big Bag Band ရဲ့ ပင်တိုင်အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဟန်ထူးလွင် ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ကတည်းက Alternative သီချင်းတွေနဲ့ လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူပါ။ ဟန်ထူးလွင်က သူဝါသနာပါရာ အနုပညာ အလုပ်တွေကို လုပ်ကိုင်ဖို့ သူ့ရဲ့ သွားဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ထား သူပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီးလည်း မကြာသေးခင် ကမှ အိမ်ထောင်နဲ့ ကွာရှင်းထားတဲ့ ဟန်ထူးလွင်က သူ့ရဲ့သမီးလေး နှစ်ယောက်ကိုလည်း အချိန်ပေးပြီး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။

သမီးလေးတွေကို အရမ်းချစ်ပြီး လိုလေသေး မရှိပြည့်စုံအောင်ထားတဲ့ ဟန်ထူးလွင်က ဒီတစ်ခါ မှာလည်း သူ့ရဲ့ အငယ်ဆုံး သမီးလေး ဆွိချိုရဲ့ ဆန္ဒတစ်ခုကို ဖြည့်စည်းပေးခဲ့ပါတယ်။ ဟန်ထူးလွင်က သမီးငယ်ဆွိချို အကြိုက်ဆုံး အဆိုတော် နီနီခင်ဇော်ကို The Voice စင်မြင့်ပေါ်မှာ ဆုံတွေ့ခွင့်ရအောင် ဖန်တီးပေးခဲ့ပြီး သမီးငယ် အတွက် ဝမ်းသာပျော်ရွှင်သွားရအောင် သူတတ်နိုင်တဲ့ဘက်ကနေ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကျားပေါက်ရဲ့ သမီးငယ်လေး ဆွိချိုကတော့ ငယ်ငယ် ကတည်းက နီနီခင်ဇော်ကို အရမ်းကြိုက်သူ ဖြစ်ပြီး ကျားပေါက်က နီနီခင်ဇော်ဆီ ဖုန်းဆက်ပေး ရတာတို့၊ အပြင်မှာ တွေ့ခွင့်ရအောင်တို့ ရံဖန်ရံခါ ပြုလုပ်ပေးရတာ ဖြစ်ပါတယ်။ ဆွိချိုလေးလည်း မမနီနီခင်ဇော် နဲ့ တွေ့ရလို့ အရမ်းပျော်နေမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment