Celebrity


Written by Ms Cele






သမီးလေးကို မေးနေတဲ့ ပရိသတ်တွေအတွက် သမီးလေးရဲ့ပုံတွေကို အလွမ်းပြေကြည့်ရှုရအောင် ထုတ်ပြလာတဲ့ မေကဗျာ

ပရိတ်သတ်ကြီးတွေရဲ့ အချစ်တော် မင်းသမီးချောလေး မေကဗျာဟာ ဆိုရင် ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားပေါင်း များစွာကို ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်ပိုင်နိုင်စွာ သရုင်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့သူ တစ်ယောက်ပဲဖြဟ်ပါတယ်နော်။မေကဗျာကတော့ အရမ်းချောမောလှပပြီး ချစ်စရာကောင်း လွန်းတဲ့ သမီးလေး ဂင်္ဂါမေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်။

မေကဗျာဟာဆိုရင် လက်ရှိမှာတော့ အနုပညာ အလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို ဦးဆောင်ပြီးလုပ်ကိုင်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့လည်း ရပ်တည်နေတဲ့သူ တစ်ယောက်ပဲဖြစ် ပါတယ်နော်။အလှူအတန်းရက်ရောလွန်တဲ့ မေကဗျာက သူမတတ်နိုင်သလောက် လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာ ဆိုရင်လည်း မေကဗျာက သူမရဲ့သမီးလေးဂင်္ဂါလေးကို မတွေ့တာကြာပြီးသတိတရနဲ့မေးနေကြတဲ့ ပရိတ်သတ်တွေကို တစ်နေ့တခြားထူးခြားစွာ လှလာတဲ့ သမီးလေးဂင်္ဂါရဲ့ လှပလွန်းတဲ့ပုံရိပ်လေးအားပြသ လာခဲ့တာပဲဖြစ်ပါတယ်နော်..။

မေကဗျာက “ဂဂ်ါလေးရော ပုံလေးတင်ပေးပါ နေကောင်းလားမေးနေကြလို့ ဂိုဂိုးလေးနေကောင်းပါတယ် အိမ်မှာပဲနေပါတယ်လို့ မတွေ့တာကြာလို့ဆိုပီးမေးနေကြလို့ပါကျောင်းစာတွေဖတ် ဒီဇိုင်းတွေပဲလုပ်နေပါတယ် RosePrincess ကဒီရက်ပိုင်းတင်တဲ့အထည်တိုင်းမဂိုးလေးဆွဲတာပါ❤️”ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။အပျိုလေးတစ်ယောက်ဖြစ်လာပြီး တစ်နေ့တခြားပိုပိုလှတာတဲ့ဂင်္ဂါလေးရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိတ်သတ်တွေလည်းအလွမ်းပြေသွားလိမ့်မယ်လို့ ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; May Kabyar facebook Acc
Credit ; Celebrity Platforms

About the author

Ms Cele

Leave a Comment