Celebrity


Written by Ms Cele






သမီးလေးနဲ့ယှဉ်ရင်တောင် ကလေးမျက်နှာလေး ပေါက်နေတဲ့ ကိုယ့်ကိုကိုယ် အရွှန်းဖောက် လိုက်တဲ့ သက်မွန်မြင့်

နိုင်ငံကျော် မင်းသမီးလေး သက်မွန်မြင့်က စကား ဝဲဝဲလေးနဲ့ ဟန်ဆောင်မှု မရှိတဲ့ ချင်းတိုင်းရင်း သူလေး တစ်ယောက် အဖြစ် ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိပိုင်ဆိုင် ထားသူ တစ်ယောက် ဖြစ်ပါတယ်။ သက်မွန်မြင့်က ဆယ်တန်းအောင်ပြီး အချိန်မှာပဲ ဖလမ်းမြို့ကနေ ရန်ကုန်ကို ရောက် ရှိလာခဲ့ပြီး အနုပညာ လောက ထဲကို ဝင်ရောက်လာခဲ့ရာ အခုချိန်ထိတိုင် အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေတဲ့ မင်းသမီးလေး တစ်လက်ပဲ ဖြစ်ပါတယ်။ သက်မွန်မြင့် ကတော့ အနုပညာ သက်တမ်း နှစ် (၂၀) ကျော်အတွင်းမှာ ပရိသတ်တွေ အတွက် စိတ်ရော ကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့ မှုကြောင့် အကယ်ဒမီ ဆုကြီး နှစ်ဆုကို လက်ဝယ် ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုဆိုရင် အိမ်ထောင်ကျပြီး သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းမေတို့ကို ပိုင်ဆိုင် ထားပြီဖြစ်တဲ့ သက်မွန်မြင့်ကတော့ ကလေးမေမေဖြစ် သွားပေမယ့် လည်း ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ပိုင်ဆိုင်ထား ဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သက်မွန်မြင့်က သမီးငယ် လဝန်းနဲ့ အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို မျှဝေရင်း “ဘယ်သူက Baby Face လဲ😆” ဆိုပြီး ကလေးမျက်နှာလေး ပေါက်နေတဲ့ ကိုယ့်ကိုကိုယ် အရွှန်းဖောက် လာပါတယ်။

သက်မွန်မြင့် ကတော့ အသက်လေး ဆယ်နီးပါး အရွယ်ရောက်နေ တာတောင် ကလေးလေး လို ချစ်စရာကောင်း နေတယ် ဆိုတာ သူမရဲ့ ရှေးဘဝပေး ကုသိုလ် ကြောင့်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ကလေးလေး နဲ့အပြိုင် ချစ်စရာ ကောင်းနေတဲ့ မေမေသက်မွန်ရဲ့ ပုံရိပ်လေးကို အချစ်ပို နေကြမယ် ထင် ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment