Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Moe Sithu Kyaw

သမီးလေးပုံနဲ့ တစ်ပုံစံတည်းတူတဲ့ သူငယ်ငယ်ကပုံကို ထုတ်ပြလိုက်တဲ့ အဆိုတော်မိုးမိုး

ပျော်စရာ မိသားစုဘဝမှာ သားလေးနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် မိုးမိုးဟာ မိသားစုကို တန်ဖိုးထားပြီးသိပ်ချစ်လွန်းတဲ့ အမျိုးသား တစ်ယောက်ပါ။ ချစ်ဇနီးကိုလည်း တန်ဖိုးထားသလို သားသမီးတွေအပေါ်မှာလည်း ဖခင်တာဝန်ကျေလွန်းပါတယ်။ ကပ်ရောဂါကြီး စတင်တော့ အလုပ်တွေရပ်နား ထားရတာမို့ ချစ်ဇနီးရဲ့လက်ရာနဲ့ ဟော့ပေါ့ စတင်ရောင်းချခဲ့ပြီး အခုဆိုရင် အတော်လေးကိုအောင်မြင်တဲ့ အနေအထား တစ်ခုရောက်ခဲ့ပါပြီ။

အိမ်ထောင်မှုနိုင်နင်းပြီး အရာရာ စေ့စပ်သေချာတဲ့ ဇနီးကောင်းကိုပိုင်ဆိုင် ထားရတဲ့မိုးမိုးရဲ့ အိမ်ထောင်ရှင်ဘဝဟာ ပျော်စရာတွေ အပြည့်ပါပဲ။ သမီးကြီးလေး ဆိုဂျူးဟာ ဖေဖေနဲ့ အရမ်းတူပြီး အမြဲတမ်းပြုံးနေတတ်တဲ့ ချစ်စရာ ကလေးလေးပါပဲ။ ဒီလိုတူတယ် ဆိုတာကို ပရိသတ်တွေ တော်တော်များများကလည်း မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒီနေ့မှာလည်း သူငယ်ငယ်ကပုံနဲ့ ချစ်သမီးလေး ငယ်တုန်းကပုံလေးကို ” အမေနဲ့သား အမေနဲ့သမီး ကိုယ်ငယ်ငယ် ကပုံနဲ့ ဆိုဂျူးငယ်ငယ်ကပုံ ” ဆိုပြီး မိုးမိုးက ဝေမျှခဲ့ပါတယ်။ တကယ့်ကို တစ်ပုံစံတည်း တူတဲ့ သားအဖနှစ်ယောက်ရဲ့ပုံလေးတွေကို ပရိသတ်ကြီး အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Moe Sithu Kyaw

About the author

Ms Cele

Leave a Comment