Celebrity

သမီးေလးရဲ႕အႏုပညာ ၀ါသနာႀကီးပံုကို ေျပာျပလာတဲ့ ႏိုင္လူ

Written by Ms Cele

သမီးေလးရဲ႕အႏုပညာ ၀ါသနာႀကီးပံုကို ေျပာျပလာတဲ့ ႏိုင္လူ

ႏိုင္လူ ကေတာ့ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ကိုယ္ပို င္မိသားစု ဘဝေလးကို တည္ေဆာက္ ထားသူျဖစ္ပါတယ္။ သူ႔လိုပဲ အႏုပညာ အလုပ္ကို ဝါသနာပါသူ ကေတာ့ အငယ္ဆုံး သမီးေလး ေခတ္ဆည္းဆာ ပါ။ ေခတ္ဆည္းဆာရဲ႕ အႏုပညာပိုး အေပၚ ဖခင္ျဖစ္သူ ႏိုင္လူ က အခုလို ေျပာျပခဲ့ပါတယ္။

“ သမီးေလးက အစ္ကို႔ေသြး အျပည့္ပါတယ္လို႔ေျပာလို႔ ရတယ္။ ဒါေၾကာင့္ အႏုပညာနဲ႔ ပတ္သက္ လာရင္ သူက အခုကတည္းက ဝါသနာ ပါတယ္။ သမီးအလတ္မေလး ကေတာ့ Dancer လုပ္တာ ဝါသနာပါတယ္။ အငယ္ဆုံးေလးက သ႐ုပ္ေဆာင္ လုပ္တာ ဝါသနာပါတယ္။ တစ္ခါတေလက်ရင္ Tik Tok ေတြ ေဆာ့တယ္၊ အလြမ္းအေဆြး အမူအရာေတြ လိုက္လုပ္တယ္။ တစ္ခါတေလ က်ရင္ သူအမူအရာလုပ္ေနရင္ အစ္ကိုတို႔က တိတ္တိတ္ေလး ေခ်ာင္းၾကည့္ရတာ။ (၄) ႏွစ္ဆိုေတာ့လည္း သူ႔အ႐ြယ္မွာ သိတဲ့ အရာေလးေတြကို သူလိုက္လုပ္ၾကည့္ တာေပါ့ေနာ္။ သူ႔ကို ဘာျဖစ္ခ်င္တာလဲ သမီးေလး ဆိုရင္ သ႐ုပ္ေဆာင္ေရာ၊ အဆိုေတာ္ေရာ ျဖစ္ခ်င္တယ္လို႔ သူက ေျပာတယ္” လို႔ ဆိုပါတယ္။

ေခတ္ဆည္းဆာေလးရဲ႕ ဓာတ္ပုံေတြကို ႏိုင္လူ က မၾကာခဏ ေဖ့စ္ဘြတ္ စာမ်က္ႏွာေပၚမွာ တင္ေလ့ရွိပါတယ္။ သမီးေလးကို ခ်စ္တဲ့ ပရိသတ္ ေတြလည္း အမ်ားႀကီးရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ေခတ္ဆည္းဆာ ကိုယ္တိုင္ ကလည္း အသက္(၄) ႏွစ္အ႐ြယ္ေလးနဲ႔ အရမ္းသိ၊ အရမ္းတတ္လြန္းတယ္လို႔လည္း ႏိုင္လူက သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါတယ္။

“ သူတို႔ေခတ္ က်ရင္ေတာ့ အႏုပညာေလာက က ဘယ္လို အေျခအေနျဖစ္လာမလဲ မသိဘူး ေပါ့ေနာ္။ သူ႔ကို ေမြးတာက Super Moon Day မွာ ေမြးတယ္။ ႏွစ္ေပါင္း(၇၅) ႏွစ္မွာမွ တစ္ႀကိမ္ျဖစ္တဲ့ လျပည့္ေပါ့ေနာ္။ ေမြးတုန္း ကလည္း ၈ ေပါင္နဲ႔ ေမြးတယ္။ သူက အသား ငါးထက္ ပင္လယ္စာ စားတာမ်ားတယ္။ အခုဆို သူက ေပါင္(၄၀) ရွိလာၿပီဆိုေတာ့ သူ႔ကို ဝိတ္ထိန္း ဖို႔ထက္ သူက သူ႔ဘာသာ ဝိတ္ခ်ေနတာတဲ့။ ညဘက္ဆို သိပ္အစားမစားဘူးတဲ့ အဝလြန္မွာစိုးလို႔တဲ့။ ဒီေလာက္အထိ အတက္လြန္ေနေတာ့ ေျပာရခက္တယ္။ သူ ဗိုက္ေခါက္ေတြထြက္မွာစိုးလို႔ ညဘက္က်ရင္ သံပုရာေရေဖ်ာ္ေပးပါလို႔ေျပာတယ္။ တစ္ခါတေလ သူ႔ဆီကေန နည္းလမ္းေတြ ေျပာေတာင္းေနရတယ္” လို႔ သူက ဆိုပါတယ္။

သ႐ုပ္ေဆာင္ႏိုင္လူ ကိုေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ တစ္ေယာက္ အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္း ကလည္း ႏွစ္ ၂၀ ေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိ မွာလည္း ႏိုင္လူက အႏုပညာအလုပ္ေတြ လုပ္တာ သိပ္မေတြ႕ရေတာ့ ပါဘူး။

Credit:Swelsone News

သမီးလေးရဲ့အနုပညာ ၀ါသနာကြီးပုံကို ပြောပြလာတဲ့ နိုင်လူ

နိုင်လူ ကတော့ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပို င်မိသားစု ဘဝလေးကို တည်ဆောက် ထားသူဖြစ်ပါတယ်။ သူ့လိုပဲ အနုပညာ အလုပ်ကို ဝါသနာပါသူ ကတော့ အငယ်ဆုံး သမီးလေး ခေတ်ဆည်းဆာ ပါ။ ခေတ်ဆည်းဆာရဲ့ အနုပညာပိုး အပေါ် ဖခင်ဖြစ်သူ နိုင်လူ က အခုလို ပြောပြခဲ့ပါတယ်။

“ သမီးလေးက အစ်ကို့သွေး အပြည့်ပါတယ်လို့ပြောလို့ ရတယ်။ ဒါကြောင့် အနုပညာနဲ့ ပတ်သက် လာရင် သူက အခုကတည်းက ဝါသနာ ပါတယ်။ သမီးအလတ်မလေး ကတော့ Dancer လုပ်တာ ဝါသနာပါတယ်။ အငယ်ဆုံးလေးက သရုပ်ဆောင် လုပ်တာ ဝါသနာပါတယ်။ တစ်ခါတလေကျရင် Tik Tok တွေ ဆော့တယ်၊ အလွမ်းအဆွေး အမူအရာတွေ လိုက်လုပ်တယ်။ တစ်ခါတလေ ကျရင် သူအမူအရာလုပ်နေရင် အစ်ကိုတို့က တိတ်တိတ်လေး ချောင်းကြည့်ရတာ။ (၄) နှစ်ဆိုတော့လည်း သူ့အရွယ်မှာ သိတဲ့ အရာလေးတွေကို သူလိုက်လုပ်ကြည့် တာပေါ့နော်။ သူ့ကို ဘာဖြစ်ချင်တာလဲ သမီးလေး ဆိုရင် သရုပ်ဆောင်ရော၊ အဆိုတော်ရော ဖြစ်ချင်တယ်လို့ သူက ပြောတယ်” လို့ ဆိုပါတယ်။

ခေတ်ဆည်းဆာလေးရဲ့ ဓာတ်ပုံတွေကို နိုင်လူ က မကြာခဏ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်။ သမီးလေးကို ချစ်တဲ့ ပရိသတ် တွေလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခေတ်ဆည်းဆာ ကိုယ်တိုင် ကလည်း အသက်(၄) နှစ်အရွယ်လေးနဲ့ အရမ်းသိ၊ အရမ်းတတ်လွန်းတယ်လို့လည်း နိုင်လူက သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

“ သူတို့ခေတ် ကျရင်တော့ အနုပညာလောက က ဘယ်လို အခြေအနေဖြစ်လာမလဲ မသိဘူး ပေါ့နော်။ သူ့ကို မွေးတာက Super Moon Day မှာ မွေးတယ်။ နှစ်ပေါင်း(၇၅) နှစ်မှာမှ တစ်ကြိမ်ဖြစ်တဲ့ လပြည့်ပေါ့နော်။ မွေးတုန်း ကလည်း ၈ ပေါင်နဲ့ မွေးတယ်။ သူက အသား ငါးထက် ပင်လယ်စာ စားတာများတယ်။ အခုဆို သူက ပေါင်(၄၀) ရှိလာပြီဆိုတော့ သူ့ကို ဝိတ်ထိန်း ဖို့ထက် သူက သူ့ဘာသာ ဝိတ်ချနေတာတဲ့။ ညဘက်ဆို သိပ်အစားမစားဘူးတဲ့ အဝလွန်မှာစိုးလို့တဲ့။ ဒီလောက်အထိ အတက်လွန်နေတော့ ပြောရခက်တယ်။ သူ ဗိုက်ခေါက်တွေထွက်မှာစိုးလို့ ညဘက်ကျရင် သံပုရာရေဖျော်ပေးပါလို့ပြောတယ်။ တစ်ခါတလေ သူ့ဆီကနေ နည်းလမ်းတွေ ပြောတောင်းနေရတယ်” လို့ သူက ဆိုပါတယ်။

သရုပ်ဆောင်နိုင်လူ ကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက် အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်း ကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ မှာလည်း နိုင်လူက အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ ပါဘူး။

Credit:Swelsone News

About the author

Ms Cele

Leave a Comment