Celebrity


Written by Ms Cele






သမီးလေးရဲ့ (၃)နှစ်ပြည့် မွေးနေ့မှာ မွေးကင်းစ အရွယ်က ဓာတ်ပုံလေး တွေနဲ့အတူ မွေးနေ့ ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ အနဂ္ဂနဲ့ သံသာဝင်း

ပြည်သူချစ် အနုပညာရှင် ဇနီးမောင်နှံ နှစ်ယောက် ဖြစ်ကြတဲ့ အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ ကတော့ (၂၀၁၂) ခုနှစ်မှာ လက်ထပ် ခဲ့ကြပြီး အနုပညာ အလုပ်တွေ လုပ်ကိုင်ရင်းနဲ့ နှစ်ကိုယ်တူ ပျော်ရွှင်စရာ ဘဝလေးကို တည်ဆောက် ထားကြသူများ ဖြစ်ပါတယ်။ အိမ်ထောင်သက် (၉) နှစ်နီးပါးမှာ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကို မွေးဖွားထားတဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ ဇနီးမောင်နှံ ကတော့ အနုပညာ အလုပ်တွေကိုလည်း လုပ်ကိုင်သလို သမီးလေး အတွက်လည်း တာဝန်ကျေတဲ့ မိဘကောင်းတွေ အဖြစ် ရပ်တည်နေကြ တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ ကတော့ အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးလေး ကေသရီအနဂ္ဂရဲ့ (၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သမီးလေးရဲ့ မွေးနေ့မှာ မိဘနှစ်ပါးဖြစ်တဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့က မွေးကင်းစ အရွယ်က ဓာတ်ပုံလေးတွေနဲ့အတူ “လွန်ခဲ့တဲ့ ၃ နှစ်.. ဒီနေ့ 27.11.2020 ❤️❤️ Happy 3rd Birthday သမီးလေး 🎉🎉 အကောင်းဆုံးပျော်ရွှင်မှုတွေကို ငါတို့ဘဝထဲကို ယူဆောင်လာပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်!! ဖေဖေနဲ့မေမေ အရမ်းချစ်တယ်!! May God bless & protect you ကေလလေး!! ❤️❤️” ဆိုပြီး အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

အနဂ္ဂနဲ့ သံသာဝင်းတို့ ကတော့ နောက်ထပ်ရင်သွေးယူဖို့ အစီအစဉ် မရှိသေးပဲ သမီးလေး ကေသရီအနဂ္ဂအပေါ်မှာသာ အချစ်တွေ ပုံအောပေး အပ်ထားတာ ဖြစ်ပါတယ်။ အနဂ္ဂနဲ့ သံသာဝင်း တို့ မိသားစုလေး အခုလိုပဲ အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment