Celebrity

သမီးလေးအတွက် ချက်ပြုတ်ပြင်ဆင်နေတဲ့ ခင်ပွန်းဖြစ်သူကို ဗီဒီယိုလေး ရိုက်ကာ ချီးကျူး စကားပြောလိုက်တဲ့ စန္ဒီမြင့်လွင်

Written by Ms Cele

သမီးလေးအတွက် ချက်ပြုတ်ပြင်ဆင်နေတဲ့ ခင်ပွန်းဖြစ်သူကို ဗီဒီယိုလေး ရိုက်ကာ ချီးကျူး စကားပြောလိုက်တဲ့ စန္ဒီမြင့်လွင်





သမီးလေးအတွက် ချက်ပြုတ်ပြင်ဆင်နေတဲ့ ခင်ပွန်းဖြစ်သူကို ဗီီဒီယိုလေး ရိုက်ကာ ချီးကျူး စကားပြောလိုက်တဲ့ စန္ဒီမြင့်လွင်

သရုပ်ဆောင် ၊ အဆိုတော် စန္ဒီမြင့်လွင် ကတော့ အနုပညာလောက တွင် အောင်မြင်မှု မှတ်တိုင်စိုက်ထူ ထားနိုင်သူတစ်ယောက် ဖြစ်ပြီး သာယာကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ကိုပါ ဖန်တီးတည်ဆောက် ထားနိုင်သူလည်း ဖြစ်ပါတယ်။ ချစ်ခင်ပွန်းရဲ့ ဂရုစိုက်မှုတွေကြောင့်လည်း ဒီးဒီတစ်ယောက် ဝမ်းသာ ပျော်ရွှင်နေရ တာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ပြန်လည် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ဟာ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေပြီး အားလပ်တဲ့အ ချိန်တွေမှာဆိုရင် ချစ်သမီးလေး အတွက် အစားအသောက် တွေကို ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင် လေ့ရှိပါတယ်။ယခုလည်း ချစ်ရတဲ့ ခင်ပွန်းဖြစ်သူက သမီးလေးအတွက် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတာကို ဗီဒီယိုလေးရိုက်ကာ အမွှန်းတင်ပြောဆိုထားတာကိုတွေ့ရပါတယ်။စန္ဒီမြင့်လွင်က”အားလပ်ချိန်ရတိုင်း သူ့သမီးအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးရမှ ကျေနပ်တဲ့ ထရက်ရှာဖေဖေ 😘😘😘ပုံမှန်ဆို ကိုယ်ရောသူရော ကအလုပ်တွေနဲ့။

သူလည်း သူ့အလုပ် ကူပေးတတ်တဲ့သူဖြစ်တော့ ကိုယ်တစ်ယောက်တည်း တာဝန်မပိတော့ သက်သာရပါတယ်။ဖေဖေတွေ လဲခုလိုကိုဗစ်ဆိုတောဘမေမေတွေကိုကူဖို့ အချိန်လေးပိုထွက်လာတာပေါ့နော်😍တာဝန်လည်း မပိစေတဲ့အပြင်စိတ်လည်းချမ်းသာရပါတယ်”လို့ဆိုပြီး သူမရဲ့ဖေ့ဘွတ် စာမျက်နှာမှာ ဗီဒီယိုလေးရိုက်ကာ တင်ပြထားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကို ကြည့်ရှုဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Sandy Myint Lwin’s FB

About the author

Ms Cele

Leave a Comment