Celebrity


Written by Ms Cele





Credit:MM Load

သမီးလေးတွေ ဂိမ်းဆော့ရင်း အင်္ဂလိပ်လို အပြန်အလှန် ပြောနေတာကို သဘောကျနေတဲ့ မေမေနန္ဒာလှိုင်

ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသမီးချော နန္ဒာလှိုင်ကတော့ ယခုဆိုရင် သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရယ် ချစ်စရာသမီးလေး၃ယောက်ရယ်နဲ့ အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေသူတစ်ယောက် ဖြစ်ပါတယ်နော်။နန္ဒာလှိုင်က ဆယ်စုနီးပါးလောက်က အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး အောင်မြင်ကျော်ကြားမှုတွေကို ခံစားခွင့်ရရှိတဲ့ သူပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ နန္ဒာလှိုင်က ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်းဖြစ်ပေမဲ့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့ပါတယ်။

အိမ်မှာနေရင်း သစ်ပင်ပန်းပင် များကို စိုက်ပျိုးရင်း သာယာတဲ့ နေ့ရက်လေးတွေကို ဖြတ်သန်း နေတာပဲဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ သမီးလေးတွေ ကလည်း ပညာရေးနယ်ပယ်မှာ ထူးချွန်နေပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးတွေ ပဲဖြစ်ပါတယ်။ မေမေဖြစ်သူ နန္ဒာလှိုင်ကတော့ သမီးလေး သုံးယောက်ကို ပရိသတ်တွေ ချစ်အားပိုအောင် လှုပ်ရှားမှုလေး တွေကို အမြဲဖော်ပြပေးပါတယ်။

ယခုမှာမှာလည်း နန္ဒာလှိုင်က ပရိသတ်တွေ ချစ်အားပို လောက်မယ့် သမီးလေး သုံးယောက်ရဲ့ ချစ်စရာ အပြုအမူလေးကို ဗီဒီယိုလေး ရိုက်ပြီး ဖော်ပြလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲ မှာတော့ သမီးလေး သုံးယောက်က Game ဆော့ကစားနေတာ ဖြစ်ပြီး ညီမတွေအချင်းချင်း အင်္ဂလိပ်လိုတွေေ ပြောနေကြတာကို ချစ်မဝဖြစ်နေတာ ဖြစိပါတယ်။ ပရိသတ်တွေလည်း နန္ဒာလှိုင် သမီးလေး သုံးယောက်ရဲ့ ဗီဒီယိုလေးကို သဘော ကျမယ်လို့ မျှော်လင့်မိပါတယ်။

Credit:MM Load

About the author

Ms Cele

Leave a Comment