Celebrity


Written by Ms Cele





Source: Chit Thu Wai’s fb

သမီးလေးနှစ်ယောက်ရဲ့ မွေးနေ့မှာ အမှတ်တရ ကိတ်မုန့်လေး ဖန်တီးပေးခဲ့တဲ့ ချစ်သုဝေရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ သူတို့ရဲ့ အနုပညာ ဖန်တီးမှုတွေကြောင့်သာမကပဲ သူတို့နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ကြောင့် မျက်နှာပွင့်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးကလည်း ချစ်စရာကောင်းပြီး အရုပ်လေးတွေလို အသည်းယားဖို့ ကောင်းတာမို့ ပရိသတ်တွေက ချစ်လို့မဝနိုင်ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေနဲ့ လင်းလင်းကလည်း သမီးလေးတွေနဲ့ ပက်သတ်ပြီး သူတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ အမြဲတမ်း မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ ချစ်သုဝေနဲ့ လင်းလင်းရဲ့ အမြွှာသမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့ (၄) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေက သမီးလေးတွေရဲ့ မွေးနေ့မှာ သူကိုယ်တိုင်ဖန်တီးထားတဲ့ မွေးနေ့ကိတ်လေး ပေးချင်တာကြောင့် အစအဆုံးဖန်တီးပေးဖြစ်တဲ့အကြောင်းကို အခုလိုပဲ Live လွှင့်ပြီး ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်သုဝေ ကတော့ သမီးလေးတွေ အတွက် သူမကိုယ်တိုင် ကိတ်မုန့်လေး ဖန်တီးပြီး အမှတ်တရဖြစ်အောင် ဖန်တီးခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေးတွေ ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးကို အမှတ်တရမွေးနေ့ဆုတောင်း စကားလေးတွေ ပြောခဲ့ကြဖို့ မမေ့ပါနဲ့နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment