Celebrity


Written by Ms Cele





Credit:Swelsone News

သမီးလေး ခုလိုဖြစ်ရတာ အိမ်တွင်းအုန်း မဆွဲလို့ ဆိုပြီး ဝေဖန်သူတွေကို ပြတ်ပြတ် သားသား ပြောလိုက်တဲ့ မင်းညီ

သရုပ်ဆောင် ၊ဒါရိုက်တာမင်းညီ ကတော့ သူ့ရဲ့မိသားစုကို လိုလေသေး မရှိအောင် ဂရုစိုက်ပေးနေတဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ဖြစ် ပါတယ်နော်။မင်းညီရဲ့ကလေး သုံးယောက်လုံးကလည်း အဖေတူလေးတွေဖြစ်လို့ အရမ်းချစ်စရာကောင်းကြပါတယ်။မင်းညီက အလုပ်တွေကိုလည်း ကြိုးစားလုပ်ဆောင်ရင်း မိသားစုအတွက်လည်း ပျော်ရွှင်စရာ အမှတ်တရလေးတွေကို အမြဲဖန်တီးပေး တတ်တာဖြစ်ပါတယ်။ မင်းညီတို့မိသားစုလေးက သိုက်သိုက်ဝန်းဝန်းနဲ့ အေးအတူပူ အမျှနေထိုင်ကြလို့ ကြည်နူးဖို့ ကောင်းတဲ့ မိသားစုလေးဖြစ် ပါတယ်နော်။

လတ်တလော မှာတော့ မင်းညီရဲ့သမီးလေးက မျက်နှာကြက်ပေါ်က ပြုတ်ကျလို့ ဦးနှောက်နဲ့အာရုံကြော အရေးပေါ်ဌာနမှာ ဆေးရုံတင်ထား ရတာဖြစ်ပါတယ်။မင်းညီကလည်း သမီးလေးရဲ့ဘေးနားမှာ အချိန်ပြည့်နေပေးပြီး ဂရုစိုက်ပေးနေတာဖြစ် ပါတယ်နော်။မင်းညီရဲ့သမီးလေးကို အမြန်ဆုံး သက်သာလာစေဖို့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေက ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့ သမီးလေးက အသက်အန္တာရာယ်စိုးရိမ်စရာမလိုတော့တာကြောင့် စိတ်ချရမယ့်အနေအထားဖြစ်သွားပါတယ်နော်။

အခုဆို ရင်တော့ မင်းညီက သူ့ရဲ့အိမ်မှာ အိမ်တွင်းအုန်း မဆွဲတာနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့ သူတွေကို “အိမ်မှာ..အိမ်တွင်းအုန်းမဆွဲလို့ ငါ့သမီးခုလိုဖြစ်ရတာ ဆိုရင် ငါ့ကိုအခု လာသတ်နိုင်ရင်လာသတ်လိုက်။ ငါက ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်မို့ မင်းတို့ စုန်းကဝေ၊အောက်လမ်းနည်း အကုန်လုံးကို ယီးပဲ။စောက်ဂရုကိုမစိုက်ဘူး။ထပ်ပြောမယ် ယီးပဲ.အကောင့်ထဲ က ဂုဏ်သရေရှိ ပုဂ္ဂို လ် တွေကို အားနာလို့ လ လုံးကြီးတင် ဆံမခတ်တာ မှတ်”ဆိုကာ သူ့ရဲ့ခံယူထားတဲ့ စိတ်နဲ့ပတ်သက်ပြီး ပြတ်ပြတ် သားသားတုံ့ပြန်ခဲ့လို့ ချစ်ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေး လိုက်ပါရစေနော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment