Celebrity


Written by Ms Cele






ပြီးတော့တခုခုဆို ဆူတယ် အပြစ် ပေးတယ် သူတောင်း ဆိုတာတွေလိုက်ပြီးမလုပ်ပေးဘူး အဲ့လိုပုံစံနဲ့ပဲ သွားတာပေါ့ အမေနဲ့သမီး ဆိုတာထက်ကို သူငယ်ချင်း ပေါင်းပေါင်းတာပေါ့ ကိုယ်နဲ့သူက စိတ်ကြီးတာချင်းလည်းတူတယ် နည်းနည်း Strong ဖြစ်တာလည်း တူတယ် သူပြုတ်ကျသွားပြီဆိုရင် သူ့ကိုရီရင်သူမကြိုက်ဘူး စိတ်ဆိုးတယ် သူကစိတ်ကလည်းအရမ်းကောက်တတ်တယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်



သမီးလေး တောင်း ဆို တိုင်း လိုက်ပြီး မလုပ်ပေး ဖြစ်တဲ့ အကြောင်း ကို ပြောပြ လာတဲ့ အေသင် ချိုဆွေ

အဆိုတော် အေသင်ချိုဆွေ ကတော့ ချစ်ရတဲ့ သမီးလေးနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေး ကို ဖြတ်သန်းနေ တာပဲ ဖြစ်ပါတယ်။ တစ်ကိုယ်တော် သီချင်းခွေ ၂ ခွေ ထွက်ရှိခဲ့ပြီးနောက် အနုပညာလောက နဲ့ ခဏ ဝေးကွာသွားခဲ့ ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သီချင်းကောင်းများ နဲ့အတူ ပြန်လည် ရောက်ရှိလာပြီး လက်ရှိမှာလည်း အနုပညာအလုပ် တွေကို အားကြိုးမာန်တက် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

ယခုကိုဗစ်ကာလမှာတော့ အေသင်ချိုဆွေ ဟာ သမီးလေး အိုင်ဗီကို ပိုမိုအချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ် သူမအနေနဲ့ အိုင်ဗီလေး ကို ထိန်းကျောင်း ရာမှာ အလိုမလိုက်ပဲ သမီးလေးတောင်း ဆိုတဲ့အတိုင်း လိုက်မလုပ်ပေးဖြစ်ဘူးလို့လည်းဆိုပါတယ်

ကလေးတွေကို သူတို့ လုပ်ချင်တာ သူတို့ပေးလုပ်တာ ကောင်းပါတယ် ပြီးမှ အပြစ်ပေးတာမျိုးလုပ်ချင်လုပ်ပေါ့နော် အိမ်မှာတော့ သူ့ကိုစိတ်ကြိုက်ပေး လုပ်ခိုင်းထားတာပဲ ဆုံးမရတဲ့ အချိန်တွေလည်း ရှိတာပေါ့ စကားပြောရတာပေါ့ အမှန်တကယ်ကတော့ ဆုံးမတာ ထက် စကားပြောရတာပေါ့ အဲ့လိုအချိန်တွေမှာ သူ့ကို ပြောပြတယ်
သူစပြီးတော့ အပြစ်လုပ်လုပ်ချင်းတုန်း ကတော့ ငြိမ်ငြိမ်မနေဘူး ဟိုလျှောက်ပြေး ဒီလျှောက်ပြေး နဲ့ပေါ့ လူကြီးတွေရဲ့ Attention လိုချင်တာလည်းပါမှာပေါ့

သူက Smart ဖြစ်တာတော့ တော်တော်ဖြစ်တယ် ဉာဏ်အရမ်းကောင်းတယ် ကြီးလို့ရှိရင် အမေကို ပြန်ဆရာ လုပ်မယ့် ထဲမှာပါတယ် အဓိကက ဒီဘက်ခေတ် ကလေးတွေက ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ဆိုပိုလုပ်တယ် ကိုယ့်တုန်းကလဲ အဲ့လိုပဲဆိုတော့ သူ့ကို အကုန်လုပ် ခွင့်ပေးထားတယ်

ပြီးတော့တခုခုဆို ဆူတယ် အပြစ် ပေးတယ် သူတောင်း ဆိုတာတွေလိုက်ပြီးမလုပ်ပေးဘူး အဲ့လိုပုံစံနဲ့ပဲ သွားတာပေါ့ အမေနဲ့သမီး ဆိုတာထက်ကို သူငယ်ချင်း ပေါင်းပေါင်းတာပေ့ါ ကိုယ်နဲ့သူက စိတ်ကြီးတာချင်းလည်းတူတယ် နည်းနည်း Strong ဖြစ်တာလည်း တူတယ် သူပြုတ်ကျသွားပြီဆိုရင် သူ့ကိုရီရင်သူမကြိုက်ဘူး စိတ်ဆိုးတယ် သူကစိတ်ကလည်းအရမ်းကောက်တတ်တယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်

အေသင်ချိုဆွေကတော့ အိုင်ဗီလေးကို ထိန်းကျောင်းတဲ့ သူ့ရဲ့ပုံစံလေးကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment