Celebrity

သမီးေလး IVY ရဲ့ Rock Mood အျပည့္နဲ့ ခ်စ္စဖြယ္ သီဆုိေနတဲ့ ဗီဒီယိုေလးကို ခ်ျပလာတဲ့ ေအသင္ခ်ိဳေဆြ

Written by Ms Cele

သမီးေလး IVY ရဲ့ Rock Mood အျပည့္နဲ့ ခ်စ္စဖြယ္ သီဆုိေနတဲ့ ဗီဒီယိုေလးကို ခ်ျပလာတဲ့ ေအသင္ခ်ိဳေဆြ

နိုင္ငံေက်ာ္ အဆိုေတာ္ တစ္ေယာက္လည္း ျဖစ္သလုိ သရုပ္ေဆာင္ တစ္ေယာက္လည္းျဖစ္တဲ့ ေအသင္ခ်ိဳေဆြ ကေတာ့ Single Mother တစ္ေယာက္ အျဖစ္ ဘဝကို ရဲရဲဝံ့ဝံ့ ရပ္တည္ေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြ ကေတာ့ သမီးေလး Ivy ကို အေဖလိုတစ္မ်ိဳး၊ အေမလို တစ္မ်ိဳး ျပဳစုေစာင့္ေရွာက္ရင္း တစ္ဖက္မွာလည္း အနုပညာ အလုပ္ေတြကို အခ်ိန္ေပး ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ ကလည္း ေအသင္ခ်ိဳေဆြကိုသာမကပဲ ေအသင္ခ်ိဳေဆြရဲ့ သမီးေလး Ivy ကိုပါ သမီးေလးလို တူမေလးလို ခ်စ္ေပးၾက တာပဲ ျဖစ္ပါတယ္။

ေအသင္ခ်ိဳေဆြရဲ့ သမီးေလး Ivy ကေတာ့ တစ္ေန့ထက္ တစ္ေန့ အရြယ္ေရာက္ၾကီးျပင္း လာခဲ့တာ အခုဆိုရင္ (၃) နွစ္ေက်ာ္ အရြယ္ေတာင္ ေရာက္ေနျပီပဲ ျဖစ္ပါတယ္။ Ivy ေလးကေတာ့ မိန္းကေလးဆို ေပမယ့္ တျခားကေလးေတြလို အလွမမက္ပဲ အေဆာ့သာ သန္တာေၾကာင့္ တစ္မ်ိဳးေလး ခ်စ္စရာေကာင္းသူေလး ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေအသင္ခ်ိဳေဆြက သီခ်င္းဆို တာေတာင္ Rock Mood အျပည့္နဲ့သီဆုိတဲ့ သမီးေလး IVY ရဲ့ ဗီဒီယိုကို အခုလိုပဲ မွ်ေဝေပးလာ ခဲ့ပါတယ္။

ေအသင္ခ်ိဳေဆြ ကေတာ့ သမီးမိန္းကေလး ေမြးထားေပမယ့္ က်ားက်ားယားယား ရိွတဲ့ သမီးေလးကို ပိုင္ဆိုင္ထား တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း အရမ္း ခ်စ္စရာေကာင္းတဲ့ Ivy ေလးရဲ့ ဗီဒီယိုေလးကို ၾကည့္ျပီး အသည္းတယားယားျဖစ္ေနၾကမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

သမီးလေး IVY ရဲ့ Rock Mood အပြည့်နဲ့ ချစ်စဖွယ် သီဆိုနေတဲ့ ဗီဒီယိုလေးကို ချပြလာတဲ့ အေသင်ချိုဆွေ

နိုင်ငံကျော် အဆိုတော် တစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ အေသင်ချိုဆွေ ကတော့ Single Mother တစ်ယောက် အဖြစ် ဘဝကို ရဲရဲဝံ့ဝံ့ ရပ်တည်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေ ကတော့ သမီးလေး Ivy ကို အဖေလိုတစ်မျိုး၊ အမေလို တစ်မျိုး ပြုစုစောင့်ရှောက်ရင်း တစ်ဖက်မှာလည်း အနုပညာ အလုပ်တွေကို အချိန်ပေး ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း အေသင်ချိုဆွေကိုသာမကပဲ အေသင်ချိုဆွေရဲ့ သမီးလေး Ivy ကိုပါ သမီးလေးလို တူမလေးလို ချစ်ပေးကြ တာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေရဲ့ သမီးလေး Ivy ကတော့ တစ်နေ့ထက် တစ်နေ့ အရွယ်ရောက်ကြီးပြင်း လာခဲ့တာ အခုဆိုရင် (၃) နှစ်ကျော် အရွယ်တောင် ရောက်နေပြီပဲ ဖြစ်ပါတယ်။ Ivy လေးကတော့ မိန်းကလေးဆို ပေမယ့် တခြားကလေးတွေလို အလှမမက်ပဲ အဆော့သာ သန်တာကြောင့် တစ်မျိုးလေး ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေသင်ချိုဆွေက သီချင်းဆို တာတောင် Rock Mood အပြည့်နဲ့သီဆိုတဲ့ သမီးလေး IVY ရဲ့ ဗီဒီယိုကို အခုလိုပဲ မျှဝေပေးလာ ခဲ့ပါတယ်။

အေသင်ချိုဆွေ ကတော့ သမီးမိန်းကလေး မွေးထားပေမယ့် ကျားကျားယားယား ရှိတဲ့ သမီးလေးကို ပိုင်ဆိုင်ထား တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း အရမ်း ချစ်စရာကောင်းတဲ့ Ivy လေးရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး အသည်းတယားယားဖြစ်နေကြမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment