Celebrity


Written by Ms Cele





Credit:Swelsone News

သမီးဖြစ်သူက ဘေးမှာလာဒွန့်နေလို့ အနားရှိတာနဲ့ ကောက်ပေါက်လိုက်တဲ့ ကောင်းစံရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ဟာသ လူရွှင်တော် တစ်ယောက် အဖြစ်နဲ့သာမက ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာပါ ကျရာနေရာကနေ ပါဝင်ရိုက်ကူးခဲ့ သူကတော့ သရုပ်ဆောင် ကောင်းစံပဲ ဖြစ်ပါတယ်။ သူဟာ ဝါရင့်လူရွှင်တော်၊သရုပ်ဆောင် မိုးဒီရဲ့သားအရင်းတော်စပ်ပြီး ဖခင်ဖြစ်သူနဲ့အတူ တစ်ခေတ်တစ်ခါက ဇာတ်ကားများတွင် အတူတူပါဝင်သရုပ်ဆောင် ခဲ့တာလည်း ဖြစ်ပါတယ်။ ကောင်းစံရဲ့ ဟာသပြက်လုံးတွေဟာလည်း ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေစေခဲ့တာပဲ ဖြစ်ပါတယ်။

ကောင်းစံဟာ လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ သိပ်မရှိတော့ဘဲ မိသားစုစီးပွားရေးလုပ်ငန်းကိုသာ ဦးဆောင် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖခင်ဦးမိုးဒီရဲ့ ကျန်းမာရေးအတွက် အနားကနေ လိုအပ်တာမှန်သမျှ ပြုစုစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ ရယ်မောပျော်ရွှင်စေရန်လည်း သမီးလေးနဲ့အတူ မကြာမကြာ Tik Tok လေးတွေ ဆော့ကစားပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ကောင်းစံသမီးလေးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ဖုန်းသုံးနေတုန်း သမီးဖြစ်သူက ဘေးနားမှာလာဒွန့်နေတာကြောင့် စိတ်တွေတိုပြီးအနားမှာ ရှိတာနဲ့ကောက်ပေါက်လိုက်တဲ့ ကောင်းစံရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပုတီးစိပ်နေတဲ့သူ့အနား ကိုယ်လုံးလေးကိုလှုပ်ပြီးလာကနေတဲ့မြေးမလေးကို အံ့ဩစွာငေးမောကြည့်နေတဲ့ မိုးဒီပါ ဗီဒီယိုထဲတွင် ပါသေးတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်စေရန် ကောင်းစံတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment