Celebrity


Written by Ms Cele





Credit:Cele Zone
Source:Khin Hlaing

သမီးဖြစ်သူရဲ့ Double Datingရိုက်ကွင်းကို သွားရောက်လည်ပတ်ခဲ့တဲ့ ပုံရိပ်တွေကို အမှတ်တရချပြလာတဲ့ ခင်လှိုင်

ပရိသတ်တွေ အရမ်းအားပေးကြတဲ့ Double Dating အစီအစဉ်လေးးမှာ ပါဝင်ကြသူတွေဟာ အစီအစဉ်လေး ပိုပြီးမြိုင်ဆိုင်သွား အောင် တကယ့် ချစ်သူစုံတွဲတွေလို ပြုမူကြပါတယ်။ ဖေဖေ မေမေတို့ကလည်း အနောက်က လိုက်ပြီးအားဖြည့်ပေးတော့ တကယ်ကိုပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေဖြစ်ခဲ့မှာပါ။ ဦးခင်လှိုင်တို့ဇနီးမောင်နှံကလည်း ချစ်သမီးလေး သဲတုံအတွက် လိုက်ပြီးအားပေးသလို ယွန်းယွန်းရဲ့မိဘတွေကလည်း အတူတူလိုက်ပါပေးခဲ့ကြပါတယ်။

ဒီတစ်ခေါက်ရိုက်ကွင်း ကတော့ မိုးယွန်းကြီးအပန်းဖြေစခန်းဖြစ်ပြီး အလုပ်တွေလည်း လုပ်သလို ပျော်စရာအချိန်လေး တွေလည်း အတူတူကုန်ဆုံးခဲ့ကြပါတယ်။ ရိုဆန်လွန်းတဲ့ Double Dating စုံတွဲလေး ကတော့ ပရိသတ်တွေရဲ့အကြိုက်ဆုံး လိုကိုဖြစ်နေခဲ့တာပါ။ ကိုနဲ့ပုဂံသူလေးအပြင် ကိုနဲ့သဲတုံတို့ရဲ့ ရိုဆန်ဆန် အပြုအမူလေလးတွေဟာ မြင်သူတိုင်း အတွက်တော့ တကယ်ကိုကြည်နူးစရာ ဖြစ်စေခဲ့ပါတယ်။

ဖေဖေခင်လှိုင် ကတော့ သမီးလေးရဲ့ရိုက်ကွင်းကို လိုက်ခဲ့ပြီးပျော်ခဲ့ရတဲ့ အမှတ်တရတွေကို ” စိတ်ကျေနပ်စရာတွေ အပြည့်ပါပဲ အရာအရာပြည့်စုံအောင် စီစဉ်ပေးကြတဲ့ တာဝန်ရှိသူတွေ ဝန်ထမ်းတွေရဲ့ ဧည့်ဝတ်ကြေပြီးနွေးထွေးပျုငှါလိုက်ကြတာလဲ ကိုယ်ကတောင်ပြန်အားနာနေရတယ် ဒီတစ်ခေါက် ကတော့ သမီးလေးသဲသဲရဲ့ Double Dating Program အတွက် လိုအပ်တာများ ဝိုင်းဝန်းကူညီပေးကြသူများကို ကျေးဇူးတင်ပါတယ် နောက်တစ်ခါ ဆိုရင်တော့ မိသားစုနဲ့အတူ အပန်းဖြေဖို့ လာခဲ့ပါဦးမယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit:Cele Zone
Source:Khin Hlaing

About the author

Ms Cele

Leave a Comment