Celebrity


Written by Ms Cele





Credit

သမီးဖြစ်သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို အလွမ်းပြေကြည့်ရအောင် ပြန်လည်မျှဝေလာတဲ့ ပိုင်ဖြိုးသုရဲ့မိခင်

သရုပ်ဆောင်ပိုင်ဖြိုးသု ကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်၊ပိုင်ဖြိုးသုကတော်လှန်ရေးကြီးမှာပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅ကနဲ့မတရား အမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေရပါတယ်နော်။

ဒီလိုရှောင်တိမ်းနေ ရတဲ့ အတွက်ကြောင့် မိသားစုများနဲ့ပရိတ်သတ်များက စိုးရိမ်ပူပန်နေရပါတယ်၊ပိုင်ဖြိုးသုရဲ့ မိခင်ကြီးဖြစ်သူကလဲ သမီးဖြစ်သူကိုလွမ်းတဲ့အကြောင်းလေးမကြာခဏဆိုသလို လူမှုကွန်ယက်ထက်မှာ ရေးသားဖော်ပြလေ့ရှိပါတယ်၊ ယခုတစ်ခါမှာလဲပိုင်ဖြိုးသုရဲ့ မိခင်ကသမီးလေးရိုက်တဲ့ ဇာတ်ကားလေးကြည့်ခွင့်ရရင်ကြည့်ချင်မိတယ်လို့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်။

ပိုင်ဖြိုးသုရဲ့ မိခင်ကကြည့်ခွင့်ရရင်ပြန်ကြည့်ချင်မိပါတယ်၊ မီး‌လေးအလွမ်းပြေဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်ထက်မှာ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ ဇာတ်ကားတစ်ချို့ကိုမျှဝေရင်းဝမ်းနည်းစွာပြောပြလာခဲ့ပါတယ်၊ ရှောင်တိမ်းနေရတဲ့သူတွေ အားလုံးမိသားစုနဲ့အမြန်ဆုံးပြန်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit

About the author

Ms Cele

Leave a Comment