Celebrity

သမီးျဖစ္သူ ပင္ပင္ပန္းပန္းရွာထားတဲ့ ေခၽြးနဲစာေတြကို မသံုးရက္တဲ့ ေဖေဖကို တန္ဖိုးႀကီး အ၀တ္အစားေတြ ဇြတ္၀ယ္ေပးခဲ့တဲ့ ျဖဴျဖဴေထြး

Written by Ms Cele

သမီးျဖစ္သူ ပင္ပင္ပန္းပန္းရွာထားတဲ့ ေခၽြးနဲစာေတြကို မသံုးရက္တဲ့ ေဖေဖကို တန္ဖိုးႀကီး အ၀တ္အစားေတြ ဇြတ္၀ယ္ေပးခဲ့တဲ့ ျဖဴျဖဴေထြး

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ ရေအာင္ ဗီဒီယိုေလးေတြ တင္ဆက္ေပး တတ္တဲ့ ျဖဴျဖဴေထြးကေတာ့ ေက်း႐ြာေလး တစ္႐ြာကေန ရန္ကုန္ၿမိဳ႕မွာ ေက်ာင္းလာတက္ရင္း မထင္မွတ္ပဲ နာမည္ႀကီးလာခဲ့သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက ႐ိုးသား ႀကိဳးစားၿပီး ဟန္ေဆာင္မႈမရွိတဲ့ ပုံစံေလးက ပရိသတ္ေတြသာမက စီးပြားေရးလုပ္ငန္းရွင္ေတြကပါ သေဘာက်ၾကတာေၾကာင့္ အခုဆိုရင္ အြန္လိုင္းေၾကာ္ျငာေတြကို လက္မလည္ရေအာင္ ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္ေက်ာ္ၾကား လာတာနဲ့အမွ် ပိုက္ဆံေတြကိုအမ်ားၾကီး ရွာေဖြလာနိုင္တဲ့ ျဖဴျဖဴေထြးက သူမရဲ့ မိသားစုေတြအတြက္လည္း လုိေလေသးမရိွ ျဖည့္ဆည္းေပးသလို အလွဴအတန္းေတြကိုလည္း ရက္ရက္ေရာေရာျပဳလုပ္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။

သမီးမိန္းကေလး တစ္ေယာက္ပီပီ ျပည့္စံုလာတာနဲ့အမွ် မိဘေတြကို ေရႊေပၚျမတင္ ထားတဲ့ ျဖဴျဖဴေထြးက သူမရဲ့ မိဘေတြကို လိုေလေသးမရိွ ျဖည့္ဆည္းေပးသလို သူမရဲ့ မိဘေတြကလည္း ရိုးရိုးေအးေအးၾကီးေတြ ရိွလွတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ျဖဴျဖဴေထြးက ပိုက္ဆံနွေျမာတတ္တဲ့ ေဖေဖ့ကို ေစ်းဝယ္စင္တာၾကီးေတြေခၚျပီး တန္ဖိုးၾကီး အဝတ္အစားေတြ ဇြတ္ဝယ္ေပးခဲ့တဲ့ အမွတ္တရ ဗီဒီယိုေလးကို အခုလိုပဲ မွ်ေဝတင္ဆက္ေပးလာပါတယ္။

ျဖဴျဖဴေထြးရဲ့ ေဖေဖ ကေတာ့ လူၾကီးပီပီ သမီးပင္ပင္ပန္းပန္း ရွာေဖြထားတဲ့ ေငြေတြကို အလကား မသံုးပစ္ခ်င္သလို ျဖဴျဖဴေထြးကလည္း အေဖ့ အတြက္ ေခါင္းအစေျခအဆံုး ျပီးျပည့္စံုေအာင္ ျဖည့္ဆည္း ေပးခ်င္တဲ့ သားအဖေမတၱာေလးကို ၾကည္နူးစြာနဲ့ ေတြ့ရပါတယ္။ ပရိသတ္ၾကီးလည္း ျဖဴျဖဴေထြးတို့ သားအဖနွစ္ေယာက္ရဲ့ ဗီဒီယိုေလးကို ၾကည့္ျပီး ပီတိေတြ ကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phyu Phyu Htwe’s fb
Credit:Cele Connections

သမီးဖြစ်သူ ပင်ပင်ပန်းပန်းရှာထားတဲ့ ချွေးနဲစာတွေကို မသုံးရက်တဲ့ ဖေဖေကို တန်ဖိုးကြီး အဝတ်အစားတွေ ဇွတ်ဝယ်ပေးခဲ့တဲ့ ဖြူဖြူထွေး

ပရိသတ်တွေကို ရယ်မောပျော်ရွှင် ရအောင် ဗီဒီယိုလေးတွေ တင်ဆက်ပေး တတ်တဲ့ ဖြူဖြူထွေးကတော့ ကျေးရွာလေး တစ်ရွာကနေ ရန်ကုန်မြို့မှာ ကျောင်းလာတက်ရင်း မထင်မှတ်ပဲ နာမည်ကြီးလာခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ရိုးသား ကြိုးစားပြီး ဟန်ဆောင်မှုမရှိတဲ့ ပုံစံလေးက ပရိသတ်တွေသာမက စီးပွားရေးလုပ်ငန်းရှင်တွေကပါ သဘောကျကြတာကြောင့် အခုဆိုရင် အွန်လိုင်းကြော်ငြာတွေကို လက်မလည်ရအောင် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြား လာတာနဲ့အမျှ ပိုက်ဆံတွေကိုအများကြီး ရှာဖွေလာနိုင်တဲ့ ဖြူဖြူထွေးက သူမရဲ့ မိသားစုတွေအတွက်လည်း လိုလေသေးမရှိ ဖြည့်ဆည်းပေးသလို အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောပြုလုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။

သမီးမိန်းကလေး တစ်ယောက်ပီပီ ပြည့်စုံလာတာနဲ့အမျှ မိဘတွေကို ရွှေပေါ်မြတင် ထားတဲ့ ဖြူဖြူထွေးက သူမရဲ့ မိဘတွေကို လိုလေသေးမရှိ ဖြည့်ဆည်းပေးသလို သူမရဲ့ မိဘတွေကလည်း ရိုးရိုးအေးအေးကြီးတွေ ရှိလှတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖြူဖြူထွေးက ပိုက်ဆံနှမြောတတ်တဲ့ ဖေဖေ့ကို စျေးဝယ်စင်တာကြီးတွေခေါ်ပြီး တန်ဖိုးကြီး အဝတ်အစားတွေ ဇွတ်ဝယ်ပေးခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေတင်ဆက်ပေးလာပါတယ်။

ဖြူဖြူထွေးရဲ့ ဖေဖေ ကတော့ လူကြီးပီပီ သမီးပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ ငွေတွေကို အလကား မသုံးပစ်ချင်သလို ဖြူဖြူထွေးကလည်း အဖေ့ အတွက် ခေါင်းအစခြေအဆုံး ပြီးပြည့်စုံအောင် ဖြည့်ဆည်း ပေးချင်တဲ့ သားအဖမေတ္တာလေးကို ကြည်နူးစွာနဲ့ တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ပီတိတွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment