Celebrity

သမီးျဖစ္သူ မ်က္ႏွာက်က္ေပၚက ျပဳတ္က်ရတဲ့ အဓိက အေၾကာင္းအရင္းကို ေျပာျပလာတဲ့ မင္းညီ

Written by Ms Cele

သမီးျဖစ္သူ မ်က္ႏွာက်က္ေပၚက ျပဳတ္က်ရတဲ့ အဓိက အေၾကာင္းအရင္းကို ေျပာျပလာတဲ့ မင္းညီ

သ႐ုပ္ေဆာင္ မင္းညီကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ အားေပးမႈကို အခိုင္အမာရ ယူထားႏိုင္ခဲ့ၿပီး က်ရာဇာတ္႐ုပ္ေတြမွာ အေကာင္းဆုံးနဲ႔ အပီျပင္ဆုံး သ႐ုပ္ေဆာင္လ်က္ရွိေနတဲ့ ျပည္သူခ်စ္ အႏုပညာရွင္ တစ္ေယာက္ ပဲျဖစ္ပါတယ္။ မင္းညီရဲ႕သမီးေလးကေတာ့ မေန႔ညက မ်က္ႏွာက်က္ေပၚကျပဳတ္က်ၿပီး ညတြင္းခ်င္းေဆး႐ုံ ေရာက္ခဲ့ရပါတယ္။ မင္းညီကေတာ့ယခုမွာ မ်က္ႏွာက်က္ေပၚကျပဳတ္က်တဲ့ ဒဏ္ေၾကာင့္ ဦးေႏွာက္လႈပ္သြားၿပီး စားသမွ်အန္ေနရရွာတဲ့ သမီးေလးရဲ႕ က်န္းမာေရး အေျခအေနကိုေျပာျပလာခဲ့ပါတယ္။

မင္းညီ ကေတာ့ ယခုမွာ ” သမီးမႈံအတြက္ စိတ္ပူေပးၾကေသာ မိတ္ေဆြ မ်ားအားလုံးကို ေက်းဇူးပါ။ ျဖစ္ျဖစ္ခ်င္း လူနာတင္ကားနဲ႔လာေခၚၿပီး အေရးေပၚမွ ေဆး႐ုံတတ္သည္အထိ အစစကူညီေပးေသာ ကိုမ်ိဳးထြန္း ကိုေဗဒါႏွင့္ ျပည္သူအေပါင္း လူ႐ႊင္ေတာ္အဖြဲ႕သားမ်ားအားလုံး အေရးေပၚမွ ဆရာဝန္ သူနာျပဳဝန္ထမ္းမ်ား ဦးေႏွာက္ ႏွင့္ အာ႐ုံေၾကာခြဲစိတ္ကုသေဆာင္မွ ဆရာဝန္ သူနာျပဳဝန္ထမ္းမ်ား အားလုံး လိုသမ်လုပ္ေပးတဲ့ ကိုအာရစ္တို႔နဲ႔တကြ အားလုံးကိုအထူး ေက်းဇူးတင္ပါတယ္ “ဆိုၿပီးေရးသားထားခဲ့ပါတယ္။

မင္းညီကေတာ့ “သမီးဘယ္လိုျဖစ္တာလဲ သိခ်င္သူမ်ားကိုေျဖေပးပါမယ္။ သမီးက ေၾကာင္ခ်စ္တတ္ေတာ့ သူ႔ေၾကာင္ မ်က္ႏွာၾကက္ထဲဝင္ေနတာကို မိဘေတြမသိေအာင္ ေရခ်ိဳးခန္းကေန တတ္ၿပီးေၾကာင္ဆီခိုးသြားတာ မ်က္ႏွာက်က္ ကြၽံက်တာပါ။ အသက္အႏၲရာယ္စိုးရိမ္စရာ မရွိေတာ့ေပမယ့္ အျမင့္ကက်တဲ့ဒဏ္ေၾကာင့္ ဦးေႏွာက္လႈပ္သြားလို႔ မူးၿပီးစားသမ်အန္ေန ရွာတာပါ။ သမီးကိုခ်စ္ေပးၾကတဲ့ တဦးတေယာက္ခ်င္းစီတိုင္းကို ေက်းဇူးပါ။ အားလုံးက ဆုေတာင္းေပးသလို အျမန္ဆုံးသက္သာ ေပ်ာက္ကင္းေစခ်င္ မိပါတယ္သမီးေရ
“ဆိုၿပီးေရးသားထားပါတယ္။

Credit:Swelsone News

သမီးဖြစ်သူ မျက်နှာကျက်ပေါ်က ပြုတ်ကျရတဲ့ အဓိက အကြောင်းအရင်းကို ပြောပြလာတဲ့ မင်းညီ

သရုပ်ဆောင် မင်းညီကတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရ ယူထားနိုင်ခဲ့ပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်လျက်ရှိနေတဲ့ ပြည်သူချစ် အနုပညာရှင် တစ်ယောက် ပဲဖြစ်ပါတယ်။ မင်းညီရဲ့သမီးလေးကတော့ မနေ့ညက မျက်နှာကျက်ပေါ်ကပြုတ်ကျပြီး ညတွင်းချင်းဆေးရုံ ရောက်ခဲ့ရပါတယ်။ မင်းညီကတော့ယခုမှာ မျက်နှာကျက်ပေါ်ကပြုတ်ကျတဲ့ ဒဏ်ကြောင့် ဦးနှောက်လှုပ်သွားပြီး စားသမျှအန်နေရရှာတဲ့ သမီးလေးရဲ့ ကျန်းမာရေး အခြေအနေကိုပြောပြလာခဲ့ပါတယ်။

မင်းညီ ကတော့ ယခုမှာ ” သမီးမှုံအတွက် စိတ်ပူပေးကြသော မိတ်ဆွေ များအားလုံးကို ကျေးဇူးပါ။ ဖြစ်ဖြစ်ချင်း လူနာတင်ကားနဲ့လာခေါ်ပြီး အရေးပေါ်မှ ဆေးရုံတတ်သည်အထိ အစစကူညီပေးသော ကိုမျိုးထွန်း ကိုဗေဒါနှင့် ပြည်သူအပေါင်း လူရွှင်တော်အဖွဲ့သားများအားလုံး အရေးပေါ်မှ ဆရာဝန် သူနာပြုဝန်ထမ်းများ ဦးနှောက် နှင့် အာရုံကြောခွဲစိတ်ကုသဆောင်မှ ဆရာဝန် သူနာပြုဝန်ထမ်းများ အားလုံး လိုသမျလုပ်ပေးတဲ့ ကိုအာရစ်တို့နဲ့တကွ အားလုံးကိုအထူး ကျေးဇူးတင်ပါတယ် “ဆိုပြီးရေးသားထားခဲ့ပါတယ်။

မင်းညီကတော့ “သမီးဘယ်လိုဖြစ်တာလဲ သိချင်သူများကိုဖြေပေးပါမယ်။ သမီးက ကြောင်ချစ်တတ်တော့ သူ့ကြောင် မျက်နှာကြက်ထဲဝင်နေတာကို မိဘတွေမသိအောင် ရေချိုးခန်းကနေ တတ်ပြီးကြောင်ဆီခိုးသွားတာ မျက်နှာကျက် ကျွံကျတာပါ။ အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ပေမယ့် အမြင့်ကကျတဲ့ဒဏ်ကြောင့် ဦးနှောက်လှုပ်သွားလို့ မူးပြီးစားသမျအန်နေ ရှာတာပါ။ သမီးကိုချစ်ပေးကြတဲ့ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးပါ။ အားလုံးက ဆုတောင်းပေးသလို အမြန်ဆုံးသက်သာ ပျောက်ကင်းစေချင် မိပါတယ်သမီးရေ
“ဆိုပြီးရေးသားထားပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment