Celebrity

သမီးႀကီး ေပၚရွာရဲ႕ (၁၆)ႏွစ္ျပည့္ ေမြးေန႕မွာ ေန႔ဆြမ္း ကပ္လႉျခင္းနဲ႔ နိုင္လြန္ ကတၱရာလမ္း လႉဒါန္းခဲ့တဲ့ စမိုင္းလ္

Written by Ms Cele

သမီးႀကီး ေပၚရွာရဲ႕ (၁၆)ႏွစ္ျပည့္ ေမြးေန႕မွာ ေန႔ဆြမ္း ကပ္လႉျခင္းနဲ႔ နိုင္လြန္ ကတၱရာလမ္း လႉဒါန္းခဲ့တဲ့ စမိုင္းလ္

ပရိသတ္ႀကီးေရ ဒီေန႔ ဇန္နဝါရီလ (၁၁)ရက္ေန႔ေလး ကေတာ့ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီး စမိုင္းလ္ရဲ့ သမီးႀကီးျဖစ္သူ ေပၚရွာရဲ့ (၁၆)ႏွစ္ျပည့္ေမြးေန႔ရက္ျမတ္ က်ေရာက္တဲ့ ေန႔ရက္ေလးပဲျဖစ္ပါတယ္။ စမိုင္းကေတာ့ ဒီေန႔ သမီးျဖစ္သူရဲ့ ေမြးေန႔ေလးအတြက္လည္း သူ႔ရဲ့လူမႈကြန္ရက္ .စာမ်က္ႏွာကေန အခုလိုပဲေမြးေန႔ ဆုမြန္ေကာင္းေတြ ေတာင္းေပးထားပါေသးတယ္။

“ေမေမ့သမီးႀကီး ၁၆ႏွစ္လည္းျပည့္ၿပီ ဆိုေတာ့ပိုၿပီးစဥ္းစားတတ္လာရမယ္၊ လူေတြအေၾကာင္း သိေအာင္ႀကိဳးစားရမယ္။ ကိုယ္တိုင္လည္း Online shop ေလးလုပ္ေနၿပီဆိုေတာ့ လူေတြကိုဘယ္လိုေျပာဆိုရမယ္ဆိုတာေတြလည္းေျဖးေျဖးခ်င္း သေဘာေပါက္ေနၿပီ။ ပ္ုက္ဆံရွာရတာ ထင္သေလာက္မလြယ္ဘူးဆိုတာသိလာၿပီေနာ္။ အလုပ္ေတြအဆင္ေျပလာေလပိုပင္ပန္းေလဆိုတာလည္းသိလာၿပီေနာ္။ ဘဝမွာလုပ္စရာေတြ အမ်ားႀကီးက်န္ေသးတယ္ ေအးေဆး ကေလးေလးလုပ္အုန္းေနာ္။ လိမၼာသိတတ္တဲ့ ကေလးေလးေမေမနဲ႔ daddy ရဲ့အသဲႀကီးသမီး Portia ” ဆိုၿပီး ေမြးေန႔ဆုေတာင္းေပးထားတာပါ။

စမိုင္းလ္ကေတာ့ ဒီေန႔မွာ ေမြးေန႔က်ေရာက္တဲ့ သမီးႀကီးရဲ့ (၁၆)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ အေနနဲ႔ လည္း ေအာင္ဇမၺဴေတာရ ဓမၼရိပ္သာ ပိဋကတ္သုံးပုံ ရြတ္ဖတ္ပူေဇာ္ပြဲမွာ ေန႔ဆြမ္းဆက္ကပ္ျခင္းနဲ႔ နိုင္လြန္ကတၱရာလမ္းလႉဒါန္းျခင္း အလႉပြဲကို ျပဳလုပ္ခဲ့ပါတယ္။ ပရိသတ္ႀကီးေရ ဒီေန႔မွာ ေမြးေန႔က်ေရာက္တဲ့ စမိုင္းလ္ရဲ့ သမီးႀကီး ေပၚရွာရဲ့ ေမြးေန႔ေလးအတြက္ ေမြးေန႔ဆုမြန္ေကာင္းေတြ ေတာင္းေပးခဲ့ၾကပါဦးေနာ္။

Credit:CeleZone
Source:စမိုင္းလ္ Smile

သမီးကြီး ပေါ်ရှာရဲ့ (၁၆)နှစ်ပြည့် မွေးနေ့မှာ နေ့ဆွမ်း ကပ်လှူခြင်းနဲ့ နိုင်လွန် ကတ္တရာလမ်း လှူဒါန်းခဲ့တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၁၁)ရက်နေ့လေး ကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီး စမိုင်းလ်ရဲ့ သမီးကြီးဖြစ်သူ ပေါ်ရှာရဲ့ (၁၆)နှစ်ပြည့်မွေးနေ့ရက်မြတ် ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ စမိုင်းကတော့ ဒီနေ့ သမီးဖြစ်သူရဲ့ မွေးနေ့လေးအတွက်လည်း သူ့ရဲ့လူမှုကွန်ရက် .စာမျက်နှာကနေ အခုလိုပဲမွေးနေ့ ဆုမွန်ကောင်းတွေ တောင်းပေးထားပါသေးတယ်။

“မေမေ့သမီးကြီး ၁၆နှစ်လည်းပြည့်ပြီ ဆိုတော့ပိုပြီးစဉ်းစားတတ်လာရမယ်၊ လူတွေအကြောင်း သိအောင်ကြိုးစားရမယ်။ ကိုယ်တိုင်လည်း Online shop လေးလုပ်နေပြီဆိုတော့ လူတွေကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေလည်းဖြေးဖြေးချင်း သဘောပေါက်နေပြီ။ ပ်ုက်ဆံရှာရတာ ထင်သလောက်မလွယ်ဘူးဆိုတာသိလာပြီနော်။ အလုပ်တွေအဆင်ပြေလာလေပိုပင်ပန်းလေဆိုတာလည်းသိလာပြီနော်။ ဘဝမှာလုပ်စရာတွေ အများကြီးကျန်သေးတယ် အေးဆေး ကလေးလေးလုပ်အုန်းနော်။ လိမ္မာသိတတ်တဲ့ ကလေးလေးမေမေနဲ့ daddy ရဲ့အသဲကြီးသမီး Portia ” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာပါ။

စမိုင်းလ်ကတော့ ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ သမီးကြီးရဲ့ (၁၆)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ လည်း အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲမှာ နေ့ဆွမ်းဆက်ကပ်ခြင်းနဲ့ နိုင်လွန်ကတ္တရာလမ်းလှူဒါန်းခြင်း အလှူပွဲကို ပြုလုပ်ခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ စမိုင်းလ်ရဲ့ သမီးကြီး ပေါ်ရှာရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါဦးနော်။

Credit:CeleZone
Source:စမိုင်းလ် Smile

About the author

Ms Cele

Leave a Comment