Celebrity
သမ္မတဟောင်းကြီးတစ်ဦးရဲ့ မြေးနဲ့ရိုက်ထားတဲ့ ပုံတစ်ပုံကြောင့် သူမရဲ့ဆိုင်တွေကို boycott လို့ပြောနေသူတွေကို ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်လိုက်တဲ့ သဉ္ဖာနွယ်ဝင်း
Written by Ms Cele
သမ္မတဟောင်းကြီးတစ်ဦးရဲ့ မြေးနဲ့ရိုက်ထားတဲ့ ပုံတစ်ပုံကြောင့် သူမရဲ့ဆိုင်တွေကို boycott လို့ပြောနေသူတွေကို ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်လိုက်တဲ့ သဉ္ဇာနွယ်ဝင်း
Credit:CELELUCKY
သမ္မတဟောင်းကြီးတစ်ဦးရဲ့ မြေးနဲ့ရိုက်ထားတဲ့ ပုံတစ်ပုံကြောင့် သူမရဲ့ဆိုင်တွေကို boycott လို့ပြောနေသူတွေကို ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်လိုက်တဲ့ သၪၨာႏၾယ္ဝင္း
ပရိသတ်ကြီးရေ သရုပ်ဆောင် သ ဉ္ဇာနွယ်ဝင်း ရဲ့နာမည်ကြီးဆိုင်တွေ ဖြစ်တဲ့ Hot Pot City,Spicy Hot Pot နဲ့ AKA အကင်ဆိုင် တွေကို ပရိသတ်တွေက boycott နေကြတာပါနော်။ ဘာလို့လဲဆိုတော့ အေးနေဝင်းနဲ့ အတူတွဲပြီး ရိုက်ထား တဲ့ ဓာတ်ပုံတစ်ပုံ Facebook ပေါ်မှာ ပလူပျံနေတာ ဖြစ်ပါတယ်နော်။ ဒါ့ကြောင့် ဆဲနေတဲ့သူတွေ ကို သ ဉ္ဇာနွယ်ဝင်းရဲ့ ယောကျာ်းက ပြန်ရှင်းလိုက် တာပါနော်။ ” ဟိုးရက်က ကျနော့်အသိ တစ်ယောက် ဖုန်းဆက်လာပြီး အကြံတောင်းတယ် ။ သူလုပ်တဲ့ ဟိုတယ်ရဲ့ အပေါ်တပ်မှာ တပ်ပေးစွဲထားပါတယ် ဘယ်လိုဘယ်လို လုပ်နေပါတယ်ဆိုပြီး အကောင့်တစ်ခုနဲ့ လုပ်ငန်းပေ့ချ်အောက် မှာရော ဂရုတွေထဲလည်း လျှောက်ရေးရော ။ မဟုတ်ပေမယ့်လည်း အဲ့ဒီသတင်းကြီးက ပွပြီး ဝိုင်းဆဲတာ ကောင်းကောင်းခံ လိုက်ရတော့ သူဘယ်လိုပြန်ရှင်းသင့်လဲ လာမေးတယ် ။
ပြောရရင် သူက စီးပွားရေးကို သန့်သန့်လေး လုပ်ပြီး သူ့ကြိုးစားမှုနဲ့သူ တက်လာတာမို့ ဒီလိုပလိန်းကြီး ရေးခံထိတာ တော်တော်လေး ဒုက္ခရောက်ရတယ် ။ နဂိုကတည်းက လူအေး ဆိုတော့ ဘယ်အဖွဲ့အစည်းနဲ့မှ မပေါင်းသင်း မလုပ်ရတဲ့ ဟိုတယ်လိုင်းလေးပဲ သေချာလေးလုပ်နေတဲ့သူ ။ သူ့ဟိုတယ်မှာ ဟိုကဖွသလိုဘာမှမရှိသလို လူအဝင်ပါးလို့ စိတ်ဆင်းရဲနေတဲ့ကြားက ဒီလိုချောက်တွန်းခံရလိုက်ရတော့ ။ မင်းကွာဖြေရှင်း မနေပါနဲ့လို့ ပြောလိုက်ရပေမယ့်လည်း သူ့ကိုလာရန်ရှာတဲ့ facebook လူအုပ်ကြီးကလည်း ကြောက်စရာခုတော့ ကိုယ့်အလှည့်ကျမှ ခံစားဖူးမှ သိတော့တယ်။
သားလေး တစ်နှစ်ပြည့် ပွဲရဲ့ ၂၀၁၈ ကပုံတစ်ခုကို ဦးတည်ပြီး မဟုတ်ပဲနဲ့ အဖွခံရတဲ့ အမုန်းတရားနဲ့ ချောက်တွန်းတဲ့ကိစ္စ။ အားလုံး တကယ့် အမှန်တရားတွေ ပိုက်ရင်း အေးချမ်းတဲ့ ဘဝလေးအမြန်ပိုင်ဆိုင် ရပါစေဗျာ ။ မဟုတ်ပဲနဲ့အစွတ်စွဲခံ ရတာ ကတော့ ကိုယ့်ကံအကြောင်းတရားပဲ ဆိုတော့ ကောင်းမှုကုသိုလ်လေးနဲ့ ပြန်ဖြေလိုက်ပါ့မယ် ။ ကျနော့်ကြောင့်တော့ အကုသိုလ်မရစေဖို့ မဟုတ်တာတွေရေးနေဖွနေတာ ကိုတော့ တချက်လောက် ပြန်စဉ်းစားသုံးသပ် စေချင်ပါတယ် ။” လို့ ရေးထားပြီး သ ဉ္ဇာနွယ်ဝင်းကလည်း ” တစ်ခုခုပြောမယ်ဆိုရင် အရင်ဆုံး မှန်လားမှားလားအသေအချာသိမှ သူတစ်ပါးကိုဝေဖန်ပါ ပြောပါ။
အလှူရှင် ဖိတ်ခေါ်ခဲ့ တာကလည်း သားမွေးနေ့ပုံတွေ မတက်လာခင်ထဲ ကပါ ပုံတွေတက်လာမှ ထအလှူလုပ်တယ်ပြောရအောင် ကျွန်မလှူနေတာလည်း မဟုတ်ပါဘူးရှင် လုပ်ငန်းရှင်တွေအလှူပါ တိုက်ခိုက်ချင်တဲ့ဇောနဲ့ ရောမချပါနဲ့။ ကလေးနှစ်ယောက် အမေလေး ကျွန်မက ဉာဏ်ရှိသလောက် ကြိုးစားနေတာကို အပြစ်တင်မဲ့ အစား ကျွန်မလုပ်တာထက် ပြည်သူတွေအတွက် ပိုကောင်းတဲ့ ကိစ္စလေးပဲလုပ်ပေးကြည့်ပါလား” လို့ တုံ့ပြန်ပြောဆိုထားပါတယ်နော်။
Credit:CELELUCKY
About the author
Ms Cele
Leave a Comment