Celebrity

သရုပ္ေဆာင္တာပဲလုပ္ခ်င္တဲ့ အႏုပညာသမား တစ္ေယာက္အတြက္ ကိုဗစ္ကာလက ဆုိးရြားစြာ စိတ္ဓာတ္က်ေစေၾကာင္း ရင္ဖြင့္လာတဲ့ ပိုင္ျဖိဳးသု

Written by Ms Cele

သရုပ္ေဆာင္တာပဲလုပ္ခ်င္တဲ့ အႏုပညာသမား တစ္ေယာက္အတြက္ ကိုဗစ္ကာလက ဆုိးရြားစြာ စိတ္ဓာတ္က်ေစေၾကာင္း ရင္ဖြင့္လာတဲ့ ပိုင္ျဖိဳးသု

ပရိသတ္ ေတြက “မီ” လို့ ခ်စ္စနိုးနဲ႔ ေခၚၾကတဲ့ မင္းသမီးေခ်ာ ပိုင္ၿဖိဳးသုဟာ ဆရာဝန္မေလး တစ္ဦးျဖစ္ၿပီး အကယ္ဒမီဆု တစ္ဆုကိုလည္း လက္ဝယ္ ပိုင္ဆိုင္ထားသူပါ။ ပိုင္ၿဖိဳးသုက အႏုပညာ လုပ္ငန္းေတြကို ျမတ္ျမတ္နိုးနိုး လုပ္ကိုင္ေနၿပီး ဒါရိုက္တာဏႀကီးနဲ႔ အတူတူ သာယာ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို တည္ေဆာက္ ထားတာ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ပိုင္ျဖိဳးသုက သူမရဲ့ရုပ္ရွင္ ရိုက္ကူးျခင္းေတြကို ရပ္နားထားျပီး ေၾကာ္ျငာနဲ့ အျခား ေပါ့ေပါ့ပါးပါးရိွတဲ့ အနုပညာ လႈပ္ရွားမႈေတြသာ လုပ္ကိုင္ေနလ်က္ ရိွတာပဲ ျဖစ္ပါတယ္။

ငယ္ငယ္ကတည္းက သရုပ္ေဆာင္ တစ္ေယာက္အျဖစ္ ရူးသြပ္ခဲ့တဲ့ ပိုင္ျဖိဳးသုက သရုပ္ေဆာင္တဲ့ အတတ္ ပညာကို နုိင္ငံျခားမွာေတာင္ သြားေရာက္ သင္ယူထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ ပိုင္ျဖိဳးသုက ကိုဗစ္ ကာလက ဆုိးရြားစြာ စိတ္ဓာတ္က်ေစေၾကာင္းကို “သရုပ္ပဲေဆာင္ခ်င္တဲ့ သရုပ္ေဆာင္တစ္ေယာက္အတြက္ ကိုဗစ္ကာလက ဆိုးရြားစြာ စိတ္ဓာတ္က် ေစပါတယ္။ နဂိုကတည္းက ကိုယ့္ကိုကိုယ္ မင္းသမီးလို့ မသတ္မွတ္ထား မခံယူထားေတာ့ လွလွေလးေနရတဲ့ အလုပ္ေတြပဲလုပ္ရေတာ့တဲ့ အခုကာလၾကီးက ေတာ္ေတာ္ဆိုးပါတယ္” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ ေျပာလာတာပဲ ျဖစ္ပါတယ္။

ပိုင္ျဖိဳးသု ကေတာ့ ကိုဗစ္မတုိင္ခင္မွာ ရုပ္ရွင္ ဇာတ္ကားေတြ ရိုက္ကူး ခဲ့တာျဖစ္ျပီး “ခ်စ္ခင္စေမွာ္ရံု” ရုပ္ရွင္ဇာတ္ကားၾကီးကလည္း ရိုက္ကူး လက္စဇာတ္ကားျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပိုင္ျဖိဳးသုလိုပဲ လူတန္းစား အလႊာေပါင္းစံုကလူေတြက ကိုဗစ္ၾကီးကို အျမန္ဆံုးျပီးေစခ်င္မွာ ေသခ်ာပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

သရုပ်ဆောင်တာပဲလုပ်ချင်တဲ့ အနုပညာသမား တစ်ယောက်အတွက် ကိုဗစ်ကာလက ဆိုးရွားစွာ စိတ်ဓာတ်ကျစေကြောင်း ရင်ဖွင့်လာတဲ့ ပိုင်ဖြိုးသု

ပရိသတ် တွေက “မီ” လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော ပိုင်ဖြိုးသုဟာ ဆရာဝန်မလေး တစ်ဦးဖြစ်ပြီး အကယ်ဒမီဆု တစ်ဆုကိုလည်း လက်ဝယ် ပိုင်ဆိုင်ထားသူပါ။ ပိုင်ဖြိုးသုက အနုပညာ လုပ်ငန်းတွေကို မြတ်မြတ်နိုးနိုး လုပ်ကိုင်နေပြီး ဒါရိုက်တာဏကြီးနဲ့ အတူတူ သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက် ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်ဖြိုးသုက သူမရဲ့ရုပ်ရှင် ရိုက်ကူးခြင်းတွေကို ရပ်နားထားပြီး ကြော်ငြာနဲ့ အခြား ပေါ့ပေါ့ပါးပါးရှိတဲ့ အနုပညာ လှုပ်ရှားမှုတွေသာ လုပ်ကိုင်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက သရုပ်ဆောင် တစ်ယောက်အဖြစ် ရူးသွပ်ခဲ့တဲ့ ပိုင်ဖြိုးသုက သရုပ်ဆောင်တဲ့ အတတ် ပညာကို နိုင်ငံခြားမှာတောင် သွားရောက် သင်ယူထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ပိုင်ဖြိုးသုက ကိုဗစ် ကာလက ဆိုးရွားစွာ စိတ်ဓာတ်ကျစေကြောင်းကို “သရုပ်ပဲဆောင်ချင်တဲ့ သရုပ်ဆောင်တစ်ယောက်အတွက် ကိုဗစ်ကာလက ဆိုးရွားစွာ စိတ်ဓာတ်ကျ စေပါတယ်။ နဂိုကတည်းက ကိုယ့်ကိုကိုယ် မင်းသမီးလို့ မသတ်မှတ်ထား မခံယူထားတော့ လှလှလေးနေရတဲ့ အလုပ်တွေပဲလုပ်ရတော့တဲ့ အခုကာလကြီးက တော်တော်ဆိုးပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသု ကတော့ ကိုဗစ်မတိုင်ခင်မှာ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူး ခဲ့တာဖြစ်ပြီး “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရိုက်ကူး လက်စဇာတ်ကားဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုလိုပဲ လူတန်းစား အလွှာပေါင်းစုံကလူတွေက ကိုဗစ်ကြီးကို အမြန်ဆုံးပြီးစေချင်မှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment