Celebrity


Written by Ms Cele






Credit:Swelsone News

သာယာပြီး စိမ်းစိုလှပကာ နေချင်စရာကောင်းတဲ့ သူမတို့ရဲ့ ခြံကြီးကို ပြသလာတဲ့ ငယ်ငယ်

ပရိသတ်ကြီးရေ Rap သီချင်းတွေကို သီဆိုတဲ့ ရှားရှားပါးပါး မိန်းကလေး အဆိုတော် ငယ်ငယ်က ACID အဖွဲ့နဲ့ သီချင်းတွေ သီဆိုရင်း လူသိများ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ငယ်က စိုင်းစိုင်းခမ်းလှိုင် နဲ့လည်း သီချင်းတွေတော်တော် များများမှာ သီဆိုခဲ့ပြီး သူမကိုယ်တိုင်လည်း အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နာမည်ကြီး Rap အမျိုးသမီး အဆိုတော်လေး တစ်ယောက်ဖြစ်သူ ငယ်ငယ်ကတော့ လက်ရှိမှာ သမီးလေး တစ်ယောက်ပိုင်ဆိုင်ထားပြီး ချစ်ခင်ကြင်နာခင်ပွန်းဖြစ်သူနဲ့အတူ သာယာပျော်ရွှင်အေးချမ်းတဲ့ မိသားစုနဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်နော်.။

အနုပညာ အလုပ်တွေကို လုပ်ကိုင်ခြင်း မရှိတော့မယ့် ငယ်ငယ်ကို ချစ်ခင်အားပေးသူ ပရိသတ်တွေ ကတော့ ချစ်ခင်အားပေးနေကြဆဲ ပါပဲနော်.။

ဒီနေ့မှာတော့ ငယ်ငယ်က လက်ရှိ ခေတ်စားနေတဲ့ Camp Site တွေ သွားကာ ညအိပ်အပန်းဖြေ နေကြပုံတွေကို ကြည့်ပြီး သူမပိုင်ဆိုင် ထားတဲ့ ခြံလေးကလည်း ကြည့်ကောင်းကာ လှပနေပုံလေး တွေကို “Camp site တွေ ခေတ်စားနေလို့ ကိုယ့်ခြံပုံ ကိုယ်တင်တာ ၊ ဘယ်သူ့မှ မငှားဘူး” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ လှပပြီး အေးချမ်းတဲ့ ငယ်ငယ်ရဲ့ ခြံကတော့ တကယ့် အမိုက်စား ပါပဲနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment