Celebrity


Written by Ms Cele





Credit:Cele Zone

သာသနာ့ဘောင်ကို ခေတ္တဝင်ရောက်ပြီး သာယာချမ်းမြေ့တဲ့ တရားရိပ်မှာ အေးချမ်းစွာ ပျော်မွေ့နေတဲ့ ဦးဇင်းစန္ဒကုမာရ (ခ) ပိုင်တံခွန်

အနုပညာအလုပ်တွေမှာ အများကြီး အောင်မြင်နေသလို ကြော်ငြာ တွေလည်း လက်မလည်အောင် ရိုက်ကူးနေရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ (၂၀၂) မကုန်ခင်ကတည်းက သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ သာသနာ့ဘောင် ဝင်ရောက်တာ (၉) ရက် တိုင်ခဲ့ပါပြီ။ မြန်မာပြည်မှာသာမက ထိုင်းနိုင်ငံထိပါအောင်မြင်သလို စွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းဝင် တစ်ယောက်လည်းဖြစ်ပါတယ်။

မြဝတီမှာရှိတဲ့ သစ်တံခါး ဆရာတော်ကြီးရဲ့ ကျောင်းတိုက်ဖြစ်တဲ့ ချမ်းမြေ့ရိပ်မြုံ အဓိဌာန်အောင် တောင်တော်မြတ် တောရကျောင်းမှာ သီတင်းသုံးခဲ့ နေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ် တွေကို ဒီနေ့မှအသိပေးတာဖြစ်ပြီး အားလုံး ကလည်း ဦးဇင်းရဲ့ ကုသိုလ်ကောင်းမှု အတွက် သာဓုခေါ်ဆို ခဲ့ကြပါတယ်။

သီတင်းသုံးနေတဲ့ ပုံရိပ်တွေကို ” ကမ္ဘာပေါ်မှာရှိကြကုန်သော အနန္တသတ္တဝါ အားလုံး ကျန်းမာချမ်းသာကြပါစေ ဘုန်းဘုန်း စန္ဒကုမာရ မြဝတီမြို့ ချမ်းမြေ့ရိပ်မြုံ အဓိဌာန်အောင် တောင်တော်မြတ် တောရကျောင်းမှာ သီတင်းသုံး ခဲ့တာ ဒီနေ့ (၉) ရက် မြောက်ခဲ့ပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment