Celebrity
Written by Ms Cele
Credit
သာကေတမြို့နယ်က ခက်ခဲနေကြတဲ့ပြည်သူတွေအတွက် လှူဒါန်းဖို့ကိုယ်တိုင်ပြင်ဆင်နေတဲ့ ဝေဠုကျော်
ပရိသတ်ကြီးရေ.. ဝေဠုကျော်ဖောင်ဒေးရှင်း ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေ အတွက် လှူဒါန်းမှုတွေကို ဆက်တိုက် လုပ်ဆောင်ကာ ငွေအင်အား၊ လူအင်အားတွေနဲ့ အားဖြည့်ပါဝင်နေပြီး အားလုံးနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ်။လိုအပ်ပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် ရရက်သားသမ ေးစေတနာရှင်တွေလှူဒါန်းထားတဲ့ အလှူငွေတွေနဲ့အတူ စားနပ်ရိက္ခာတွေကို နေ့တိုင်းလိုလို တတ်နိုင်သလောက် ပြန်လည်လှူဒါန်းနေတာပါ..။
ပြည်သူတွေ အတွက် တတ်နိုင်တဲ့ဘက်ကနေ အမြဲရပ်တည်ပြီးဖေးမ ကူညီနေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း သာကေတမြို့နယ်က ခက်ခဲနေကြတဲ့ပြည်သူတွေအတွက် ဆန်နဲ့ စားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ပြည်သူတွေကိုလှူဒါန်းဖို့ အတွက်ကိုလည်း ဝေဠုကျော်က ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ သေသေချာချာ ထုတ်ပိုးပြင်ဆင်နေတာဖြစ်ပြီး ရပ်ကွက်အခြေအနေ တင်းမာမှုတွေကိုလည်း ပြောပြထားပါသေးတယ်..။
“1-4-2021ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဒီရက်ပိုင်း အခြေအနေတင်းမာခဲ့သည့် သာကေတမြို့နယ်မှ လိုအပ်နေသော မိသားစု ၅စုစာအတွက် သူငယ်ချင်း မှတဆင့် တစ်အိမ်ထောင်လျှငဆန် ၃ပြည်စီကြက်သွန်နီ ၅ဝသါး စီကြက်ဥ ၁ဝလုံး စီတို့ကို လှူဒါန်းပေးလိုက် ပါတယ်။ဒီရပ်ကွက်လည်း အခြေအနေတင်းမာရာက အခုတော့ နယ်ခံလူနည်းနည်းပဲ ကျန်တော့ပြီး စားသောက်ရေး တော်တော် ခက်ခဲနေကြပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်း09455500010 09455500014 09776089484..” ဆိုပြီး အလှူနဲ့ ပတ်သက်ပြီးတော့လည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။
Photo Credit – Wai Lu Kyaw Foundation’s Fb
Credit
About the author
Ms Cele
Leave a Comment