Celebrity


Written by Ms Cele





crd

“သားကိုသားလှူထားပြီးသား နိုင်ငံအတွက်ရဲဝံ့မယ်”လို့ပြောခဲ့တဲ့ သူရဲကောင်းလေး ခန့်အောင်ဖြိုး

သူငယ်ချင်း ခန့်အောင်ဖြိုး သူ့မေမေဆီနောက်ဆုံးပို ခဲ့တဲ့စာလေး“မေမေလည်းမပူနဲ့ သားလည်းမပူဘူး စိတ်ချပါ သားကိုသားလှူထားပြီးသား နိုင်ငံအတွက်ရဲဝံ့မယ်။ဘုရားရှင်ခေတ်မှာ ရဟန်းဝတ်မယ် ငရဲခေတ်မှာ လူသတ်မယ်” တဲ့သွေးသားမတော်စပ်တဲ့ ကိုယ်တွေတောင် မျက်ရည်ပေါက်ကြီးငယ်ကျနေတာ😭
မိသားစုတွေနှလုံးသားတွေကြွေမွပျက်စီးနေပါပြီ😭💔၁၉ နှစ် Civil First Year ကျောင်းသားပါ သူရဲကောင်း ခန့်အောင်ဖြိုး၊ ပညာတတ်တွေ ဆုံးရူံးခဲ့ရပြီ။

မိခင် – ရှူးတိုးတိုး ကျမသားလေး ဒီမှာရှိနေတာ ဘယ်သူမှ မပြောပါနဲ့ သူတို့တွေ လာဆွဲလိမ့်မယ် မောင်လေး -မေမေသားပြန်လာရင်ကြက်ကြော် စားမယ်နော် အမေတစ်ခု သားတစ်ခု ဘယ်လောက်တောင်ချစ်ကြရှာမလဲ သူလို့ပဲ ကျဆုံးတဲ့ အာဇာနည် သူရဲကောင်း အမေတွေရဲ့ ငိုကြွေးသံ ညံလို့ ….ရင်းရက်လေပြီပေါ့ ငါ့ညီရယ်….မင်း ယုံယုံကြည်ကြည်နဲ့ ဝင်ခဲ့တဲ့တိုက်ပွဲကို ငါတို့ဆက်တိုက်မယ်…..

မင်းလိုချင်ခဲ့တဲ့ မြန်မာပြည်ကြီး ဖြစ်လာအောင် ငါတို့ဆက်ကြိုးစားမယ်….ငါ့ညီလေးရေ ငါတို့ညကမှ စကားပြောခဲ့ကြသေးတယ်ကွာ….
တကယ်ကို စိတ်မကောင်းပါဘူး ညီငယ်ရေ။ငါတို့မင်းရဲ့စွန့်လွှတ်မှုကို အလကားမဖြစ်စေရဘူးလို့ ကတိပြုပါတယ်ကွာ…..ငါတို့အကြွေး ရအောင်ပြန်ယူမယ်….

crd

About the author

Ms Cele

Leave a Comment