Celebrity

သားငယ္ေလး ကိုယ္၀န္လြယ္ထား ရတာေတာင္ အလွမပ်က္ပဲ ပိုပိုလွေနတဲ့ ေမေမမိုးယုစံ

Written by Ms Cele

သားငယ္ေလး ကိုယ္၀န္လြယ္ထား ရတာေတာင္ အလွမပ်က္ပဲ ပိုပိုလွေနတဲ့ ေမေမမိုးယုစံ

မိုးယုစံ ကေတာ့ တစ္ခ်ိန္က ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ၿပီး ပါဝင္တဲ့ ဇာတ္ကားတိုင္းမွာ အပီျပင္ဆုံး သ႐ုပ္ေဆာင္နိုင္ကာ ေအာင္ျမင္ခဲ့တဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ ဆိုရင္လည္း မမွားပါဘူး။ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုေလးကို အခ်ိန္အျပည့္အဝေပးေနတဲ့ သူမကေတာ့ အႏုပညာ အလုပ္ေတြအေနနဲ႔ ေၾကာ္ျငာေတြကိုသာ ရိုက္ကူးလ်က္ ရွိေနတာပဲျဖစ္ပါတယ္။

ခ်စ္ရတဲ့ခင္ပြန္းနဲ႔အတူ ၾကည္ႏူးစရာေကာင္းတဲ့ မိသားစု ဘဝေလးကို ဖန္တီးတည္ေဆာက္ ထားနိုင္တဲ့ သူမကေတာ့ ခ်စ္စရာေကာင္းတဲ့ သားေလး တစ္ေယာက္အျပင္ ဒုတိယသားရတနာေလးကိုပါ လြယ္ထားေနရၿပီပဲ ျဖစ္ပါတယ္။ ခုဆိုရင္ လရင့္ေနၿပီ ျဖစ္ၿပီး မၾကာခင္မွာ လူ႔ေလာကထဲသို႔ေရာက္လာေတာ့မွာမို႔ အခုထဲကေပ်ာ္ရႊင္ေနတာလည္းျဖစ္ပါတယ္။

မိုးယုကသူမရဲ့ လႈပ္ရွားမႈ ပုံရိပ္ေလးေတြပါမက သားေလး Austin ရဲ့ပုံရိပ္ေလးေတြ မိသာစုပုံေလးေတြကို အျမဲလိုလိုေဖာ္ျပေလ့ရွိ တာလည္းျဖစ္ပါတယ္။ အခုလည္း ဒုတိယကိုယ္ဝန္ေလးနဲ႔ေတာင္ အလွမပ်က္ဘဲ အရင္ထက္ပိုေတာင္ ႏုပ်ိဳလွရက္လြန္းေနတဲ့ ပုံရိပ္ေလးေတြကိုေဝမၽွလာတာျဖစ္ပါတယ္။ ပုံေလးေတြနဲ႔အတူ “သားႏွစ္ေယာက္ေမေမျဖစ္ေတာ့ မယ္ဆိုေတာ့ အလွေတြေလ်ာ့သြားပီလားမသိဘူး မလွလွေအာင္ေတာ့ ပဲေပးလိုက္အုံးမယ္ #33weeks #moeyusan ” စာေလးကိုေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Credit:Cele Zone
Source:Moe Yu San

သားငယ်လေး ကိုယ်ဝန်လွယ်ထား ရတာတောင် အလှမပျက်ပဲ ပိုပိုလှနေတဲ့ မေမေမိုးယုစံ

မိုးယုစံ ကတော့ တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ကာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို အချိန်အပြည့်အဝပေးနေတဲ့ သူမကတော့ အနုပညာ အလုပ်တွေအနေနဲ့ ကြော်ငြာတွေကိုသာ ရိုက်ကူးလျက် ရှိနေတာပဲဖြစ်ပါတယ်။

ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖန်တီးတည်ဆောက် ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်အပြင် ဒုတိယသားရတနာလေးကိုပါ လွယ်ထားနေရပြီပဲ ဖြစ်ပါတယ်။ ခုဆိုရင် လရင့်နေပြီ ဖြစ်ပြီး မကြာခင်မှာ လူ့လောကထဲသို့ရောက်လာတော့မှာမို့ အခုထဲကပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။

မိုးယုကသူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေပါမက သားလေး Austin ရဲ့ပုံရိပ်လေးတွေ မိသာစုပုံလေးတွေကို အမြဲလိုလိုဖော်ပြလေ့ရှိ တာလည်းဖြစ်ပါတယ်။ အခုလည်း ဒုတိယကိုယ်ဝန်လေးနဲ့တောင် အလှမပျက်ဘဲ အရင်ထက်ပိုတောင် နုပျိုလှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကိုဝေမျှလာတာဖြစ်ပါတယ်။ ပုံလေးတွေနဲ့အတူ “သားနှစ်ယောက်မေမေဖြစ်တော့ မယ်ဆိုတော့ အလှတွေလျော့သွားပီလားမသိဘူး မလှလှအောင်တော့ ပဲပေးလိုက်အုံးမယ် #33weeks #moeyusan ” စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit:Cele Zone
Source:Moe Yu San

About the author

Ms Cele

Leave a Comment