Celebrity

သားနဲ႕သမီးကို တန္ဖိုးထားကာ အသက္တမွ်ခ်စ္ေၾကာင္း ဂုတ္ေပၚမွာ Tattooထိုးၿပီး သက္ေသျပလိုက္တဲ့ ေခ်ာရတနာ

Written by Ms Cele

သားနဲ႕သမီးကို တန္ဖိုးထားကာ အသက္တမွ်ခ်စ္ေၾကာင္း ဂုတ္ေပၚမွာ Tattooထိုးၿပီး သက္ေသျပလိုက္တဲ့ ေခ်ာရတနာ

ပရိသတ္ႀကီးေရ အကယ္ဒမီမင္းသမီးေခ်ာ‌ တစ္လက္ျဖစ္တဲ့ ေခ်ာရတနာကေတာ့ အခုေနာက္ပိုင္းမွာ ဆိုရင္ အႏုပညာအလုပ္ေတြကို အနည္းအက်ဥ္း ျပန္လည္လုပ္ေဆာင္ေနၿပီ ပဲျဖစ္ပါတယ္။ေခ်ာရတနာက တစ္ခ်ိန္တုန္းကဆိုရင္ ဆုရႊန္းလဲ့၊ရတနာခင္၊ဂႏၲဝင္ စတဲ့မင္းသမီးေတြနဲ႔အၿပိဳင္ အႏုပညာေလာကမွာ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္ေနာ္။ေခ်ာရတနာက သူမရဲ့ခ်စ္ညီမေလး သႏၲာဗိုလ္ကိုလည္း အႏုပညာနဲ႔ပတ္သက္ရင္ တတ္နိုင္သေလာက္အႀကံေပးၿပီး ကူညီတာျဖစ္ပါတယ္။

ေခ်ာရတနာက သားတစ္ေယာက္၊သမီး တစ္ေယာက္ကို ေမြးဖြားထားတဲ့မိခင္ၿပီး မိသားစု ဘဝေလးကို သာယာလွပေအာင္ တည္ေဆာက္ထားတာျဖစ္ပါတယ္ေနာ္။ ေခ်ာရတနာရဲ့ကေလးႏွစ္ေယာက္လုံးကလည္း အေမတူေလးေတြျဖစ္လို႔ ခ်စ္ေမြးအျပည့္ပါၾကၿပီး လိမၼာယဥ္ေက်းစြာ ႀကီးျပင္းလာၾကတာျဖစ္ပါတယ္။ေခ်ာရတနာ ကေတာ့ မိသားစုကို အခ်ိန္အျပည့္ေပးၿပီး ဂ႐ုစိုက္ေပးေနတာေၾကာင့္ အႏုပညာအလုပ္ေတြကိုေဇာက္ခ်ၿပီးမလုပ္ကိုင္ေသးပါဘူးေနာ္။

ေခ်ာရတနာ ကေတာ့ သားနဲ႔သမီးကို ဝမ္းထဲမွာရွိစဥ္ကတည္းက ေသခ်ာဂ႐ုစိုက္ ေစာင့္ေရွာက္ေပးလာခဲ့တာျဖစ္ပါတယ္။သူမရဲ့ဝမ္းနဲ႔လြယ္ေမြး ထားရတဲ့ သားႀကီးနဲ႔သမီးငယ္ေလးကို အရမ္းခ်စ္လြန္းလို႔ ဂုတ္ေပၚမွာ Tattooေတာင္ ထိုးထားတာျဖစ္ပါတယ္ေနာ္။ ေခ်ာရတနာရဲ့Tattooေလးဟာဆိုရင္ မိခင္တစ္ေယာက္က သူမရဲ့ကေလးႏွစ္ေယာက္ကို ေထြးေပြ႕ထားတဲ့ ပုံေလးျဖစ္လို႔ မိခင္ေမတၱာေပၚလြင္ပါတယ္။မိခင္ေမတၱာ ႀကီးမားလို႔ နာက်င္တဲ့ေဝဒနာကို အံတုၿပီး Tattooထိုးထားတဲ့ ေခ်ာရတနာရဲ့ပုံရိပ္ေလးေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္။

Credit:Swelsone News

သားနဲ့သမီးကို တန်ဖိုးထားကာ အသက်တမျှချစ်ကြောင်း ဂုတ်ပေါ်မှာ Tattooထိုးပြီး သက်သေပြလိုက်တဲ့ ချောရတနာ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချော‌ တစ်လက်ဖြစ်တဲ့ ချောရတနာကတော့ အခုနောက်ပိုင်းမှာ ဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်း ပြန်လည်လုပ်ဆောင်နေပြီ ပဲဖြစ်ပါတယ်။ချောရတနာက တစ်ချိန်တုန်းကဆိုရင် ဆုရွှန်းလဲ့၊ရတနာခင်၊ဂန္တဝင် စတဲ့မင်းသမီးတွေနဲ့အပြိုင် အနုပညာလောကမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်နော်။ချောရတနာက သူမရဲ့ချစ်ညီမလေး သန္တာဗိုလ်ကိုလည်း အနုပညာနဲ့ပတ်သက်ရင် တတ်နိုင်သလောက်အကြံပေးပြီး ကူညီတာဖြစ်ပါတယ်။

ချောရတနာက သားတစ်ယောက်၊သမီး တစ်ယောက်ကို မွေးဖွားထားတဲ့မိခင်ပြီး မိသားစု ဘဝလေးကို သာယာလှပအောင် တည်ဆောက်ထားတာဖြစ်ပါတယ်နော်။ ချောရတနာရဲ့ကလေးနှစ်ယောက်လုံးကလည်း အမေတူလေးတွေဖြစ်လို့ ချစ်မွေးအပြည့်ပါကြပြီး လိမ္မာယဉ်ကျေးစွာ ကြီးပြင်းလာကြတာဖြစ်ပါတယ်။ချောရတနာ ကတော့ မိသားစုကို အချိန်အပြည့်ပေးပြီး ဂရုစိုက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုဇောက်ချပြီးမလုပ်ကိုင်သေးပါဘူးနော်။

ချောရတနာ ကတော့ သားနဲ့သမီးကို ဝမ်းထဲမှာရှိစဉ်ကတည်းက သေချာဂရုစိုက် စောင့်ရှောက်ပေးလာခဲ့တာဖြစ်ပါတယ်။သူမရဲ့ဝမ်းနဲ့လွယ်မွေး ထားရတဲ့ သားကြီးနဲ့သမီးငယ်လေးကို အရမ်းချစ်လွန်းလို့ ဂုတ်ပေါ်မှာ Tattooတောင် ထိုးထားတာဖြစ်ပါတယ်နော်။ ချောရတနာရဲ့Tattooလေးဟာဆိုရင် မိခင်တစ်ယောက်က သူမရဲ့ကလေးနှစ်ယောက်ကို ထွေးပွေ့ထားတဲ့ ပုံလေးဖြစ်လို့ မိခင်မေတ္တာပေါ်လွင်ပါတယ်။မိခင်မေတ္တာ ကြီးမားလို့ နာကျင်တဲ့ဝေဒနာကို အံတုပြီး Tattooထိုးထားတဲ့ ချောရတနာရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment