Celebrity


Written by Ms Cele





Credit:Cele Zone
Source:R ဇာနည်

သားသားမီးမီးလေးတွေနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေတဲ့ Rဇာနည်

ပရိသတ်ကြီးရေ R ဇာနည်ကတော့ ဂီတလောကရဲ့ ငွေကြယ်ပွင့်တစ်ပွင့်လို့ ဆိုရလောက်အောင် ထူးခြားတဲ့အနုပညာ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး အသံကောင်းတဲ့ အပြင် တေးသီချင်းကောင်းကောင်းတွေ ကိုလည်း ဖန်တီးနိုင်စွမ်းရှိတဲ့ R ဇာနည်ကိုတော့ လူကြီးလူငယ် ကျားမမရွေး နှစ်ခြိုက်အားပေးကြတာ ဖြစ်ပါတယ်။ အမာခံပရိသတ်တွေ အများအပြား ပိုင်ဆိုင်ထားတဲ့ R ဇာနည်က ယနေ့အချိန် အထိ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

R ဇာနည်ဟာ ချစ်ရတဲ့ သူတွေနဲ့အတူ ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ ကလည်း ချစ်စရာကောင်းတဲ့ သူ့ရဲ့ ကလေးလေးတွေကိုလည်း ချစ်မဝဖြစ်နေကြတာပါ။ဒါ့ကြောင့်လည်း ပရိသတ်တွေက စောင့်ကြည့် အားပေးနေတာလည်းဖြစ်ပါတယ် ။

ခုကာလလေး မှာတော့ အိမ်မှာပဲ ချစ်ရတဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေ တာဖြစ်ပြီး ကလေးတွေလွတ်လွတ် လပ်လပ်အိမ်မှာပဲ ကစားနိုင်ရန် လေထိုးရေကူးကန်လေး ဖန်တီးပေးကာ ရေဆော့ကစားနေတဲ့ ပျော်ရွှင်ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေကိုလည်း ဖော်ပြခဲ့တာတွေ့ရပါတယ် ။ပရိသတ်ကြီးအတွက် R ဇာနည်တို့မိသားစုရဲ့ ပုံလေးတွေကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက် ပါတယ်။

Credit:Cele Zone
Source:R ဇာနည်

About the author

Ms Cele

Leave a Comment