Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Khine Hnin Wai

သားသားမီးမီးလေးတွေ အိပ်ယာဆင်တူလေးတွေနဲ့ တန်းစီကာ အိပ်နေကြပုံကို ကြည့်ကာ ကြည်နူးပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

ဖြူစင်တဲ့ စိတ်စေတနာကောင်း တွေကို ပိုင်ဆိုင်ထားပြီး ပရဟိတ အလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ မင်းသမီးခိုင်နှင်းဝေ ကတော့ ပြည်သူပရိသတ်တွေရဲ့ လေးစားချစ်ခင် မှုတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ခိုင်နှင်းဝေက ပြည်သူတွေအနေနဲ့ အခုလို ပင်ပန်းခက်ခဲနေကြတဲ့ အချိန်မှာလည်း စားသောက်ကုန်နဲ့ အလှူငွေတွေကို တတ်နိုင်သလောက် အားပေးလှူဒါန်းနေတာလည်း မကြာခဏ တွေ့မြင်ရပါတယ်။

အခက်အခဲ တွေနဲ့ လိုအပ်နေသူတွေ အတွက် ဖေးမကူညီတတ်တဲ့ ခိုင်နှင်းဝေ ကတော့ သူမရဲ့ ခိုင်နှင်းဝေကလေးများ ဂေဟာက သားသားမီးမီးလေးတွေ အပေါ်မှာလည်း နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်ပေး နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိခင်မေတ္တာ အပြည့်နဲ့ ဖွင့်လှစ်ထားတဲ့ ဂေဟာလေးက မိခင်ရင်ခွင်မဲ့နေတဲ့ သားသားမီးမီးလေးတွေ အတွက်တော့ တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ နေရာလေးတစ်ခုပါ။

အားတဲ့အချိန်တွေတိုင်း မှာလည်း ကလေးငယ်လေး တွေကို အချိန်ပေးကာ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ ပြုစုစောင့်ရှောက်ရင်း ပျော်စရာ အခိုက်အတန့်လေးတွေ ကိုလည်း ခိုင်နှင်းဝေက ဝေမျှတတ် ပါသေးတယ်။ အခုလည်း အိပ်ယာဆင်တူလေးတွေနဲ့ တန်းစီကာ အိပ်နေကြတဲ့ သားတွေသမီးတွေကို ကြည့်ကာ ချစ်မဝဖြစ်နေတာပါ ။ ဖြူစင်ပြီး ချစ်စရာကောင်းလွန်းတဲ့ ကလေးငယ်လေးတွေရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment