Celebrity

သားအသုပ္လိုက္ေရာင္းေနတယ္လို႕ ေျပာလိုက္တဲ့ မိုးေအာင္ရင္ရဲ႕ စကားေၾကာင့္ ရင္ထဲဆို႕နစ္သြားေၾကာင္း ေျပာျပလာတဲ့ မို႕မို႕ျမင့္ေအာင္

Written by Ms Cele

သားအသုပ္လိုက္ေရာင္းေနတယ္လို႕ ေျပာလိုက္တဲ့ မိုးေအာင္ရင္ရဲ႕ စကားေၾကာင့္ ရင္ထဲဆို႕နစ္သြားေၾကာင္း ေျပာျပလာတဲ့ မို႕မို႕ျမင့္ေအာင္

ပရိသတ္ႀကီးေရ အကယ္ဒမီ မုိ့မို့ျမင့္ေအာင္နဲ့ မင္းသား မိုးေအာင္ရင္ တို့ကေတာ့ ေသြးမေတာ္ သားမစပ္ေပမယ့္ တစ္ေယာက္နဲ့ တစ္ေယာက္ သားအမိေတြလို ခ်စ္ၾကတာ ျဖစ္ပါတယ္။ မိုးေအာင္ရင္ကလည္း မို့မို့ျမင့္ေအာင္ကို သူ့ရဲ့ ေက်းဇူးရွင္ ဆရာသမား အေမ တစ္ေယာက္လုိ သေဘာထားသလို မို့မို့ျမင့္ေအာင္ကလည္း မိုးေအာင္ရင္အေပၚ သားအရင္းတစ္ေယာက္ပမာ ခ်စ္တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ မို့မို့ျမင့္ေအာင္က မိုးေအာင္ရင္ဆီက လက္ေဆာင္ေတြလက္ခံရယူရင္း မုိးေအာင္ရင္ဆီက အသုပ္လိုက္ေရာင္းေနတယ္ဆိုတဲ့စကားၾကားၾကားခ်င္း ရင္ထဲမွာ ဆို့နစ္သြားခဲ့ရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“ခ်စ္ခင္ေလးစားတန္ဖိုးထားရ ပါေသာ ပရိတ္သက္ႀကီးႏွင့္ We Love သဲသဲတုန္ေလးတို႔ရွင့္ မို႔ Line ေပၚမတတ္ တာၾကာေတာ့ လြမ္းေနၾကေရာေပါ့။ ဒီဇင္ဘာလ ေလာက္က အံသြားႏုတ္ထားရတယ္ ပိုးသတ္ေဆးေတြေသာက္ေတာ့ ႏႈံးခ်ိေနတာပဲ ၿပီးေတာ့ က်န္းမာေရး စစ္ေဆးမႈယူၿပီး MRTV-4 က ခ်စ္လွစြာေသာ ဇာတ္လမ္းတြဲကို ျပန္လည္႐ိုက္ကူးေနပါသည္။ မိခင္ကလည္းဆုံး သြားကလည္း ႏုတ္ထားလို႔ အားေလွ်ာ့ေနၿပီး Covid ကိုေၾကာက္ရတာ တစ္မ်ိဳး စိတ္အင္အား ခ်ိနဲ႔စြာနဲ႔ပဲ ရႉတင္ကို သြားရပါတယ္။ ရႉတင္ေရာက္ေတာ့လည္း အႏုပညာရဲ႕ ကုစားမႈေၾကာင့္ သ႐ုပ္ေဆာင္မႈ ပညာက မေနသာပါဘူး အားလုံးအဆင္ေျပပါတယ္။ဒီေန႔ တနဂၤေႏြ နားရက္ဆိုေတာ့ အိမ္မွာနားေနတုန္း သားသား Moe Aung Yin က ဖုန္းဆက္လာတယ္ သားသား အသုပ္ လာပို႔ခ်င္လို႔တဲ့ (ၿပီးခဲ့တဲ့ သုံးေလးရက္က ဂဏန္းေတြ ပုဇြန္ေတြ အမ်ားႀကီးလာပို႔ထားေသးတယ္) ”

“သူကေျပာတယ္ သားအသုပ္ လိုက္ေရာင္းေနတယ္ ႐ုတ္တရက္ ဒီစကားၾကားရေတာ့ မို႔ ရင္ထဲမွာ ဆို႔သြားတယ္။ မိခင္တစ္ေယာက္ အေနနဲ႔ ကိုယ့္သားေလးကို ဒီလို ဘယ္ေရာင္းေစခ်င္ ပါ့မလဲ။ မို႔က ေမးလိုက္တယ္ သားေလး ကားနဲ႔ လိုက္ေရာင္းတာ ျမတ္ေရာျမတ္ရဲ႕လား သူကေျပာတယ္ အေမေမႊးရယ္ ဘယ္ျမတ္ပါ့မလဲ မရႈံးရင္ၿပီးေရာ အေမေမႊး သားပရိတ္သတ္နဲ႔ ထိေတြ႕ေနခ်င္တယ္။ (ေအာ္…အေမတူသားပါလား) ” ဆိုျပီး မိုးေအာင္ရင္ရဲ့ အသုပ္စံု အေၾကာင္းကို ေျပာျပလာပါတယ္။

မို့မို့ျမင့္ေအာင္ ကေတာ့ မိခင္ တစ္ေယာက္ပီပီ သားျဖစ္သူက ေစ်းေရာင္းေနတယ္ဆိုတဲ့ စကားကိုၾကားလိုက္ ရတဲ့အခါ ဆို့နစ္သြားေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ မုိ့မို့ျမင့္ေအာင္ရဲ့ မိုးေအာင္ရင္အေပၚ ထားရိွတဲ့ ေမတၱာကေတာ့ တကယ့္ကို ေလးစားစရာ ပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: Academy Moht Moht Myint Aung’s fb
Credit:Cele Connections

သားအသုပ်လိုက်ရောင်းနေတယ်လို့ ပြောလိုက်တဲ့ မိုးအောင်ရင်ရဲ့ စကားကြောင့် ရင်ထဲဆို့နစ်သွားကြောင်း ပြောပြလာတဲ့ မို့မို့မြင့်အောင်

ပရိသတ်ကြီးရေ အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ မင်းသား မိုးအောင်ရင် တို့ကတော့ သွေးမတော် သားမစပ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် သားအမိတွေလို ချစ်ကြတာ ဖြစ်ပါတယ်။ မိုးအောင်ရင်ကလည်း မို့မို့မြင့်အောင်ကို သူ့ရဲ့ ကျေးဇူးရှင် ဆရာသမား အမေ တစ်ယောက်လို သဘောထားသလို မို့မို့မြင့်အောင်ကလည်း မိုးအောင်ရင်အပေါ် သားအရင်းတစ်ယောက်ပမာ ချစ်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မို့မို့မြင့်အောင်က မိုးအောင်ရင်ဆီက လက်ဆောင်တွေလက်ခံရယူရင်း မိုးအောင်ရင်ဆီက အသုပ်လိုက်ရောင်းနေတယ်ဆိုတဲ့စကားကြားကြားချင်း ရင်ထဲမှာ ဆို့နစ်သွားခဲ့ရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ချစ်ခင်လေးစားတန်ဖိုးထားရ ပါသော ပရိတ်သက်ကြီးနှင့် We Love သဲသဲတုန်လေးတို့ရှင့် မို့ Line ပေါ်မတတ် တာကြာတော့ လွမ်းနေကြရောပေါ့။ ဒီဇင်ဘာလ လောက်က အံသွားနုတ်ထားရတယ် ပိုးသတ်ဆေးတွေသောက်တော့ နှုံးချိနေတာပဲ ပြီးတော့ ကျန်းမာရေး စစ်ဆေးမှုယူပြီး MRTV-4 က ချစ်လှစွာသော ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးနေပါသည်။ မိခင်ကလည်းဆုံး သွားကလည်း နုတ်ထားလို့ အားလျှော့နေပြီး Covid ကိုကြောက်ရတာ တစ်မျိုး စိတ်အင်အား ချိနဲ့စွာနဲ့ပဲ ရှူတင်ကို သွားရပါတယ်။ ရှူတင်ရောက်တော့လည်း အနုပညာရဲ့ ကုစားမှုကြောင့် သရုပ်ဆောင်မှု ပညာက မနေသာပါဘူး အားလုံးအဆင်ပြေပါတယ်။ဒီနေ့ တနင်္ဂနွေ နားရက်ဆိုတော့ အိမ်မှာနားနေတုန်း သားသား Moe Aung Yin က ဖုန်းဆက်လာတယ် သားသား အသုပ် လာပို့ချင်လို့တဲ့ (ပြီးခဲ့တဲ့ သုံးလေးရက်က ဂဏန်းတွေ ပုဇွန်တွေ အများကြီးလာပို့ထားသေးတယ်) ”

“သူကပြောတယ် သားအသုပ် လိုက်ရောင်းနေတယ် ရုတ်တရက် ဒီစကားကြားရတော့ မို့ ရင်ထဲမှာ ဆို့သွားတယ်။ မိခင်တစ်ယောက် အနေနဲ့ ကိုယ့်သားလေးကို ဒီလို ဘယ်ရောင်းစေချင် ပါ့မလဲ။ မို့က မေးလိုက်တယ် သားလေး ကားနဲ့ လိုက်ရောင်းတာ မြတ်ရောမြတ်ရဲ့လား သူကပြောတယ် အမေမွှေးရယ် ဘယ်မြတ်ပါ့မလဲ မရှုံးရင်ပြီးရော အမေမွှေး သားပရိတ်သတ်နဲ့ ထိတွေ့နေချင်တယ်။ (အော်…အမေတူသားပါလား) ” ဆိုပြီး မိုးအောင်ရင်ရဲ့ အသုပ်စုံ အကြောင်းကို ပြောပြလာပါတယ်။

မို့မို့မြင့်အောင် ကတော့ မိခင် တစ်ယောက်ပီပီ သားဖြစ်သူက စျေးရောင်းနေတယ်ဆိုတဲ့ စကားကိုကြားလိုက် ရတဲ့အခါ ဆို့နစ်သွားကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ မို့မို့မြင့်အောင်ရဲ့ မိုးအောင်ရင်အပေါ် ထားရှိတဲ့ မေတ္တာကတော့ တကယ့်ကို လေးစားစရာ ပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Academy Moht Moht Myint Aung’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment