Celebrity


Written by Ms Cele






သားဦးကိုယ်ဝန်မလို့ နေရထိုင်ရတာ အဆင်မပြေကြောင်း ပြောပြလာတဲ့ ခင်လွှမ်း

သရုပ်ဆောင် ခင်လွှမ်းကတော့ သူမရဲ့ ဂစ်တာ ရှိတ်လေးလို အချိုးအစားကျနတဲ့ ခန္ဓာကိုယ် အချိုး အစားကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးခြင်းခံ ရသူလေး ဖြစ်ပါတယ်။ ခင်လွှမ်း ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေ ရိုက်ကူးရင်း သရုပ်ဆောင် စည်ဖြိုးနဲ့ အတူတူ ဖူးစာဆုံခဲ့ကြ တာပဲ ဖြစ်ပါတယ်။ ချစ်သူ သက်တမ်း နှစ်အတော်ကြာပြီး တဲ့နောက် စည်ဖြိုးနဲ့ ခင်လွှမ်းတို့က နှစ်ဖက်မိဘ သဘောတူကြည်ဖြူစွာနဲ့ လက်ထပ် ခဲ့ကြပြီးပြီ ဖြစ်ပါတယ်။

အခုဆိုရင် ပထမ ဦးဆုံး ကိုယ်ဝန်ကို လွယ်ဆောင်ထား ရတဲ့ ခင်လွှမ်းက သူမရဲ့ သားဦး ကိုယ်ဝန်မှာ နေရထိုင်ရ မသက်သာတဲ့အကြောင်းကို ပြောပြလာပါတယ်။ ခင်လွှမ်းကတော့ ကိုယ်ဝန်ဆောင်မိခင်တိုင်း ခံစားရတဲ့ ဝေဒနာဖြစ်တဲ့ အော့အန်ခြင်းကို မကြာခဏခံ နေရကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်ပြီး ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ခင်လွှမ်းကတော့ ကိုယ်ဝန်သည်မိခင်တွေ ခံစားရတဲ့ ဝေဒနာကို ခံစားနေရ ရှာတာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းတစ်ယောက် အမြန်ဆုံးနေကောင်း သက်သာပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment