Celebrity


Written by Ms Cele






သားလေးဆုတစ်ခုရဖို့ ရင်ခုန်မျှော်လင့်စွာ စောင့်စားနေတဲ့ မေမေထွန်းအိန္ဒြာဗိုလ်

သီချင်းဆိုတဲ့ နေရာမှာလည်း နှစ်ယောက် မရှိတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားသလို သရုပ်ဆောင် ပညာမှာလည်း သူမတူ အောင်ထူးချွန်တဲ့ ထွန်းအိန္ဒြာဗိုလ်က ဂီတထူးချွန်ဆုတွေ နဲ့တကွ အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ် က အသက်အရွယ် တစ်ခုရောက်လာချိန်မှာ အနုပညာလုပ်ငန်းတွေကို လျှော့ချလိုက်ပြီး သူမရဲ့ မိသားစုလေးအတွက်သာ အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ တစ်ဦးတည်းသော သားလေး အောင်ဗိုလ်ကောင်းသန့် အတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးရင်း မိခင် တာဝန်တွေကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ သားလေး အောင်ဗိုလ်ကောင်းသန့် ကတော့ ငယ်စဉ် ကတည်းက ပညာရေးမှာ ထူးချွန်သလို Golf ရိုက်အားကစားနည်း မှာလည်း နိုင်ငံရပ်ခြားမှာ ပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ရတဲ့ အထိ ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါ မှာလည်း ထွန်းအိန္ဒြာဗိုလ်က GOLF ရိုက်အားကစားနည်းနဲ့ ပြိုင်ပွဲဝင်ထားတဲ့ သားလေး အောင်ဗိုလ်ကောင်းသန့် အတွက် “သားသား ဆု တစ်ခုခု တော့ ရမယ်ထင်တယ်။ ပြိုင်ပွဲဝင် ၁၂၀ ကျော်အတွက် အမှတ်တွေ ပေါင်းနေတယ် …ရင်ခုန်ပြီလေ ….” ဆိုပြီး ပြောလာပါတယ်။

ထွန်းအိန္ဒြာဗိုလ် ကတော့ အောင်ဗိုလ်ကောင်းသန့်လေးရဲ့ အရည်အချင်းကို သိရှိထားသူပီပီ သားလေး ဆုတစ်ဆုဆု ရရှိဖို့ ရင်ခုန်မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ဗိုလ်ကောင်းသန့်လေး ကံကောင်း စေဖို့ ဆုတောင်းပေးကြ ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment