Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Khine Hnin Wai

သားလေးရဲ့မွေးနေ့ အကြိုအဖြစ် ခိုင်နှင်းဝေရဲ့ အောက်ဆီဂျင်အိုး အလှူလေးမှာ ငွေကျပ်(၁၅)သိန်း ထည့်လှူကာကုသိုလ်ယူခဲ့တဲ့ ပိုးအိအိခန့်တို့မိသားစု

နိုင်ငံကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီးချောလေး ပိုးအိအိခန့်တို့ရဲ့ မိသားစုလေးကို သိကြမယ် ထင်ပါတယ်။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီး မှာလည်း အောင်မြင်မှု ရရှိထားတဲ့သူတွေဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေး သဲကိုး ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဲကိုးလေး ကလည်း ဝဝကစ်ကစ်နဲ့ ဖိုးပြုံးချိုလေးဖြစ်ပြီး တစ်ကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးလေးပါ။

သာယာအေးချမ်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားပြီး ရိုးရှင်းစွာ ဖြတ်သန်း နေတာလည်းဖြစ်ပါတယ် ။ အလှူအတန်းတွေ ဆိုရင်လည်း ရက်ရက်ရောရော လှူဒါန်းလျက် ရှိရာ အခုလည်း သာလေးရဲ့ မွေးနေ့ အကြိုအဖြစ် ခိုင်နှင်းဝေရဲ့ အောက်ဆီဂျင်အိုး အလှူလေးမှာ ငွေကျပ် (၁၅) သိန်း ထည့်လှူကာ ပါဝင်ခဲ့ပါတယ် ။

ဒီအချိန်မှာ တကယ် လိုအပ်နေတာမို့ အရမ်းကို မွန်မြတ်လှ ပါတယ်နော် ။ အလှူနဲ့ ပတ်သက်ပြီးလည်း ” ညီမလေး ပိုအိခန့်တို့ မိသားစုမှ သားလေးမောင်သွင်ဦးဟန် ရဲ့ မွေးနေ့ အကြို အလှု အဖြစ် အောက်ဆီဂျင်အိုး များ ဝယ်ယူရန် အတွက် အလှုငွေ (၁၅)သိန်းကို လှူဒါန်းပေး ပါတယ်ရှင်..အလှူအတန်းဆို အမြဲ ရက်ရက်ရောရော လှူပေးတဲ့ ညီမလေးတို့ မိသားစု ဒီထက်မက အောင်မြင်ပြီး ပိုတိုးလှူနိုင် ပါစေနော်.. ” လို့ဆိုကာ ခိုင်နှင်းဝေရဲ့ ပေ့စ်လေးမှာ ရေးသားဖော်ပြ ထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment