Celebrity


Written by Ms Cele





Credit

သားလေးရဲ့(၃)နှစ်ပြည့်မွေးနေ့လေးမှာ အနားမှာအတူတူရှိမနေနိုင်ပေမယ့် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ယွန်းဝတီလွင်မိုး

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင် ယွန်းဝတီလွင်မိုး ကတော့ ဖခင်ကြီး အကယ်ဒမီလွင်မိုးရဲ့ သမီးဖြစ်ပြီးတော့ ဖခင်ကြီးကဲ့သို့ သရုပ်ဆောင်မှုပိုင်းမှာလဲပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထား တာပဲဖြစ်ပါတယ်၊ ယွန်းဝတီလွင်‌မိုး ကတော့ ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်နော်။

ယွန်းဝတီလွင်‌မိုးက တော်လှန်ရေးကြီးမှာ လဲပြည်သူတွေနဲ့အတူ အမှန်တရား ဘက်ကပါဝင်ပြီး လမ်းထွက်ကာလူထု လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅ကနဲ့အမှုဖွင့် ထားခြင်းခံရပြီး ဘေးကင်းရာ ကိုရှောင်တိမ်းနေရပါတယ်။

အခုတစ်ခါမှာလဲ ယွန်းဝတီလွင်‌မိုးက အနားမှာအတူတူ မရှိပေး နိုင်ပေမယ့်လည်း သားလေးမွေးနေ့မှာ ဆုတောင်းစကားပြော ခဲ့တာဖြစ်ပါတယ်။ ယွန်းဝတီလွင်‌မိုးက မျောက်ကလေးရေ အသက်၃နှစ်ပြည့်ပီနော်၊Happy Birthdayမေ့မေ့ချစ်လေး၊ မကြာခင်မှာပွေ့ဖက်နိုင်ဖို့မျှော်လင့်တယ် သားလေးရေဆိုပြီးတော့ သူမရဲ့Instagramအကောင့်မှာ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများ အတွက်ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit

About the author

Ms Cele

Leave a Comment