Celebrity


Written by Ms Cele





Credit:Yaung Chi

သားလေးရဲ့ ရက်၁ဝဝပြည့် မွေးနေ့မှာ အမည်ပေး ကင်ပွန်းတပ်ပါ ပြုလုပ်ခဲ့တဲ့ အဆိုတော် ပန်းအိဖြူ

တေးသံရှင် ပန်းအိဖြူကတော့ အိမ်ထောင်ပြုပြီး နောက်ပိုင်း သူမရဲ့ ပထမဆုံးသား ဦးလေးကို မွေးဖွားခဲ့ပြီး အရမ်းကို ပျော်ရွှင်နေ ပါတယ် ။ ဖေဖေ မေမေ တို့ရဲ့ အချောအလှတွေ စုနေတဲ့ သားသားလေး ကတော့ အရမ်းကို ချစ်ဖို့ကောင်း လွန်းလို ့ပရိသတ်တွေ ကလည်း ထပ်တူ ချစ်ခင် နေကြတာပါ ။ မကြာသေးမီကမှ ပန်းအိဖြူရဲ့ သားလေးဟာ ရက်တစ်ရာပြည့်ခဲ့ တယ်လို ့သိရပါတယ် ။

ဒီဇင်ဘာလ (၂၀) ရက်နေ့က သားလေး “မောင်ဘုန်းပြည့်စုံဟိန်း” ရက်(၁၀၀)ပြည့်ပါခဲ့တာဖြစ်ပါတယ် ။ ကိုဗစ်ကာလမှာ သားသားလေး အတွက် အလှူလေး အဖြစ် သံဃာတော် များကို ရည်မှန်းပြီး အိမ်မှာ အမြဲဆွမ်းခံကြွတဲ့ ဆရာတော်ကိုပဲ ဆန်နဲ့ဆီ လှူပေးဖြစ်ခဲ့တယ်လို့ သိရပါတယ် ။ သားလေးဖေဖ ကတော့ အဝေးကနေ Video Call လေးနဲ့ပဲ အတူ လှူဒါန်း ရပါတယ် ဒီကာလကြီး လွန်မြောက်သွားမှ သားလေးကို ဦးဦး၊ဒေါ်ဒေါ်တွေနဲ့ မိတ်ဆက်ဆုံတွေ့တဲ့ပွဲလေး လုပ်ပေး ခွင့်ရမှာပါ ဆိုတဲ့ စာသားလေး နဲ့အတူ ပန်းအိဖြူက အလှူ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။

မေမေ့သားလေး ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်လို့ မိဘဆရာသမားများအပေါ် သိတတ်လိမ္မာတဲ့ သားရတနာလေးဖြစ်ပါစေ လို့လည်းသားလေးအတွက် ဆုမွန်ကောင်းတွေပေး ထားပါသေးတယ် ။ ပရိသတ်တွေကလည်း သားသားလေး ဘုန်းပြည့်စုံဟိန်း ရဲ့နာမည်လေးကို အရမ်းသဘောကျကြောင်းနဲ့ ရက် တစ်ရာပြည့်မွေးနေ့လေး အတွက် ဆုမွန်ကောင်းလေးတွေ ပေးခဲ့ကြပါတယ် ။

Credit:Yaung Chi

About the author

Ms Cele

Leave a Comment