Celebrity

သားဖြစ်သူရဲ့ သီချင်းသစ်လေးမှာ ပါဝင်အားဖြည့်ပေးတဲ့ မင်းသမီးကြီးခင်စိုးပိုင်ကို ကျေးဇူးတင်ပြီး ထိုင်ကန်တော့ခဲ့တဲ့ ခင်လှိုင်

Written by Ms Cele

သားဖြစ်သူရဲ့ သီချင်းသစ်လေးမှာ ပါဝင်အားဖြည့်ပေးတဲ့ မင်းသမီးကြီးခင်စိုးပိုင်ကို ကျေးဇူးတင်ပြီး ထိုင်ကန်တော့ခဲ့တဲ့ ခင်လှိုင်




Source: Khin Hlaing’s fb

သားဖြစ်သူရဲ့ သီချင်းသစ်လေးမှာ ပါဝင်အားဖြည့်ပေးတဲ့ မင်းသမီးကြီးခင်စိုးပိုင်ကို ကျေးဇူးတင်ပြီး ထိုင်ကန်တော့ခဲ့တဲ့ ခင်လှိုုင်

ပရိသတ်တွေ ချစ်ကြတဲ့ သရုပ်ဆောင် ခင်လှိုင် ကတော့ သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ အနုပညာ အလုပ်တွေအပေါ် နစ်မြှပ်ထားသူ ဖြစ်ပါတယ်။ ခင်လှိုင် ကတော့ စိတ်ရင်းကောင်းပြီး ငယ်သူတွေအပေါ်မှာလည်း အနစ်နာခံ သလို ကြီးသူတွေအပေါ်မှာလည်း လေးစားရိုသေ တာမို့ အနုပညာလောက တစ်လောကလုံးက ချစ်ကြသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အနုပညာ အရည်အချင်းကြောင့်သာမက အဲ့လို စိတ်သဘောထား ဖြောင့်မတ်တာမို့ ခင်လှိုင်က အောင်မြင်မှုကို နှစ်(၃၀)ကျော်တိုင် ထိန်းသိမ်းထား နိုင်တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာလည်း ခင်လှိုင်က သူ့ရဲ့စီနီယာအစ်မကြီးဖြစ်တဲ့ အကယ်ဒမီ ခင်စိုးပိုင်ကို ကျေးဇူးတင် စကားပြောရင်း ထိုင်ကန်တော့ခဲ့တဲ့ အကြောင်း သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာပါတယ်။ ခင်လှိုင်က “ချစ်ခင်လေးစားခဲ့ရတဲ့ ချစ်မကြီး မခင်စိုးပိုင် သားနေရဲ သီဆိုပြီး တေးရေးညီမင်းခိုင် ရေးပေးထားတဲ့ မျှော်လင့်ခြင်းရဲ့အခြားတဖက် MV မှာပါဝင်ကူညီပေးခဲ့တဲ့ အတွက်ကျေးဇူးအများကြီးတင် ပါတယ်ခင်ဗျာ🙏🙏🙏” ဆိုပြီး သူကိုယ်တိုင်ရော၊ နေရဲပါ ခင်စိုးပိုင်ကို ကန်တော့ခဲ့တာ ဖြစ်ပါတယ်။

ခင်လှိုင် ကတော့ သူ့ရဲ့သားဖြစ်သူ နေရဲရဲ့ သီချင်း MV မှာ တကူးတက သရုပ်ဆောင်ပေးတဲ့ အစ်မကြီး ခင်စိုးပိုင်ကို ကျေးဇူးတင်စကား လေးလေးနက်နက် ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်လှိုင်ရဲ့ လေးစားဖွယ်လုပ်ရပ်လေးကို ကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်း ပေးလိုက်ပါတယ်။

Source: Khin Hlaing’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment