Celebrity


Written by Ms Cele





Credit:Cele Zone
Source:Nandar Hlaing

သိတတ်လိမ္မာတဲ့ သားသမီးတွေကြောင့် အသက်အရွယ်ကြီးပေမယ့် ကျန်းမာနုပျိုနေတဲ့ နန္ဒာလှိုင်ရဲ့ မိခင်

အိုဇာတာကောင်းဖို့ကိုတော့ လူတိုင်းမျှော်လင့်ကြပေမယ့် လူတိုင်းမကောင်း နိုင်ကြပါဘူး။ နန္ဒာလှိုင်တို့ မောင်နှမတွေဟာ မိခင်အပေါ်မှာသိတတ်ပြီး အမြဲလိုလို မိခင်စိတ်ချမ်းသာ ဖို့ကိုပဲ ဦးစားပေးစဉ်းစားပေးခဲ့ကြပါတယ်။ မိခင်ရဲ့ဒူးရင်းခြံ ကိုလည်း မောင်နှမတွေ တက်ညီလက်ညီ ကူညီပေးကြတာကြောင့် မိခင်ကြီးဟာ လိမ္မာတဲ့သားသမီးလေးတွေကို ပိုင်ဆိုင် ထားရသူပါ။

ဒီနေ့ဟာ သူမတို့မိခင်ကြီးရဲ့ အသက် (၇၁) နှစ်ပြည့်မွေးနေ့ဖြစ်ပြီး သားသမီးတွေရဲ့ သိတတ်မှုကြောင့် ကျန်းမာပျော်ရွှင်တဲ့ မိခင်ဘဝကို အချိန်အကြာကြီးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီး တာတောင် မိခင်ကိုမခွဲနိုင်တာကြောင့် အပျိုဘဝတုန်းကနေခဲ့တဲ့ အခန်းလေးမှာပဲ ကလေးသုံးယောက်ရတဲ့ အထိ ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့ နန္ဒာ့ရဲ့သိတတ်မှုက ပြောမကုန်အောင်ပါပဲ။

ချစ်ရတဲ့မိခင်ကြီးရဲ့မွေးနေ့ကိုလည်း ” Happy birthday! မေမေ သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ ” ဆိုပြီး ဆုတောင်း စကားလေးပြောခဲ့ပါသေးတယ်။ Happy Birthday ပါ အန်တီရေ သက်ရှည်ကျန်းမာပြီး ဖြစ်ချင်သမျှဆန္ဒတိုင်း အကောင်အထည် ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Credit:Cele Zone
Source:Nandar Hlaing

About the author

Ms Cele

Leave a Comment