Celebrity


Written by Ms Cele






သိတတ် လိမ္မာတဲ့ သားလေး ကို ပိုင်ဆိုင် ထားတာကြောင့် ယောက္ခမ လို့ အခေါ်ခံနေ ရကြောင်း ပြောပြ လာတဲ့ ဇင်ရော်မောင်မောင်

ပရိသတ်ကြီးရေ ဇင်ရော်မောင်မောင် ကတော့ ဒါရိုက်တာ တစ်ယောက် အနေနဲ့ ရုပ်ရှင် ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးပြီး အနုပညာ လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ ရရှိထားကာ ဒါရိုက်တာဆု အကယ်ဒမီကိုလည်း ရရှိပိုင်ဆိုင် ထားသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ချောမောခန့်ညားပြီး သိတတ်လိမ္မာတဲ့ သားလေး မင်းသန့်မောင်မောင် ကိုလည်း ပိုင်ဆိုင်ထားပြီး သားလေးအပေါ် အချစ်တွေပုံပေးထားကာ အရမ်းဂရုစိုက်တတ်တဲ့ ဖခင်ကောင်း တစ်ယောက်ပဲဖြစ်ပါတယ်နော်။

လက်ရှိမှာတော့ သားလေးနဲ့အတူ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေပြီး သားလေးကိုလည်း အနုပညာကြယ်ပွင့်လေး တစ်ပွင့်ဖြစ်လာအောင် အကောင်းဆုံး သင်ကြားပြသပေးနေ တာပဲဖြစ်ပါတယ်။သားလေးမင်းသန့်မောင်မောင် ကလည်း ဖေဖေ့ရဲ့အရည်အချင်း တွေ မေမေ မေသန်းနုရဲ့အလှတွေစုပြီး အောင်မြင်ကျော်ကြားတဲ့ မင်းသားချောတစ်လက်ဖြစ်လာမှာ အသေအချာပါပဲနော်။

ဇင်ရော်မောင်မောင် က သားဖြစ်သူကြောင့် ယောက္ခမလို့ အခေါ်ခံနေရကြောင်းကို”ယောက် ခ မ ကြီး လို ခ ဏ ခ ဏ ခေါ် ခံ ရ တဲ့ မင်း သန့် မောင် မောင် ရဲ့ အ ဖေ ဆို တော့ .. နဲ နဲ ဂိုက် ပေး ကြည့် မိ ပါ သည်..”ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးထဲ မှာရော ဇင်ရော်မောင်မောင်ကို ယောက္ခမလို့ ခေါ်မယ့်သူရှိရင် မန့်ခဲ့ကြပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Credit:Yin Khat Pan ( Writer – TWWH )

About the author

Ms Cele

Leave a Comment