Celebrity

သီတင္းကၽြတ္ ကို ခရီးထြက္ ေနရ လို႔ အေဖ နဲ႔ အေမ ကို Video call နဲ႔ကန္ေတာ့ ခဲ့တဲ့ ထြန္းထြန္း

Written by Ms Cele

သီတင္းကၽြတ္ ကို ခရီးထြက္ ေနရ လို႔ အေဖ နဲ႔ အေမ ကို Video call နဲ႔ကန္ေတာ့ ခဲ့တဲ့ ထြန္းထြန္း

သ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္ အကယ္ ဒမီ ထြန္းထြန္းက ႐ုပ္ရွင္ ဇာတ္ကားေတြ ဆက္တိုက္ရိုက္ကူးလ်က္ရွိၿပီး ႏွင္းဆီ အၿငိမ့္အဖြဲ႕နဲ႔အတူ ပရဟိတ လုပ္ငန္းေတြ မွာလည္း ပါဝင္ေနတဲ့အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္ ။ အရြယ္ေရာက္ေနၿပီ ဆိုေပမယ့္ အခုခ်ိန္ထိ အိမ္ေထာင္ မျပဳေသးဘဲ တစ္ကိုယ္ တည္း လူပ်ိဳႀကီးဘဝနဲ႔ ျဖတ္သန္းေနဆဲျဖစ္ၿပီး မိသားစိုကို ခ်စ္တဲ့ သူတစ္ေယာက္ လို႔ဆိုရင္လည္းမမွားပါဘူး ။

လတ္တေလာမွာေတာ့ အလုပ္ကိစၥနဲ႔ နယ္ကို ခရီးထြက္ေနရတဲ့အတြက္ သီတင္းကၽြတ္မွာ မိဘေတြကို ကန္ေတာ့ ဖို႔အတြက္ အဆင္မေျပတာေၾကာင့္ Video Call နဲ႔ ပဲ လွမ္းကန္းေတာ့ ရေၾကာင္းကို သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေနတဆင့္ မၽွေဝေပးလာခဲ့ပါတယ္ ။ ကၽြန္ေတာ့္ မိဘျပဳံးေပ်ာ္ေနျခင္းက ကၽြန္ေတာ့္အတြက္ နိဗၺာန္ပဲလို႔လည္း ေရးသားေဖာ္ျပထားပါေသးတယ္ ။

ထြန္းထြန္းရဲ့ ပရိသတ္ေတြ ကေတာ့ အခုလို မိဘကို သိတတ္တဲ့ သားလိမၼာေလး ထြန္းထြန္းအတြက္ သာဓုေတြေခၚဆိုခဲ့ၾကသလို ဆုမြန္ေကာင္း ေတြ လည္းအမ်ားႀကီးေပးခဲ့ၾကပါတယ္ ။ ထြန္းထြန္းကိုခ်စ္တဲ့ ဆယ္လီကမၻာ ပရိသတ္ႀကီး အတြက္လည္း ထြန္းထြန္းတို ႔မိသားစုရဲ့ သီတင္းကၽြတ္ပုံရိပ္ေလး ေတြကို ျပန္လည္မၽွေဝေပး လိုက္ပါတယ္ေနာ္ ။

Source : Htin Aung Tun
Credit:Emily (Cele Gabar)

သီတင်းကျွတ် ကို ခရီးထွက် နေရ လို့ အဖေ နဲ့ အမေ ကို Video call နဲ့ကန်တော့ ခဲ့တဲ့ ထွန်းထွန်း

သရုပ်ဆောင်နဲ့ အဆိုတော် အကယ် ဒမီ ထွန်းထွန်းက ရုပ်ရှင် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလျက်ရှိပြီး နှင်းဆီ အငြိမ့်အဖွဲ့နဲ့အတူ ပရဟိတ လုပ်ငန်းတွေ မှာလည်း ပါဝင်နေတဲ့အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ် ။ အရွယ်ရောက်နေပြီ ဆိုပေမယ့် အခုချိန်ထိ အိမ်ထောင် မပြုသေးဘဲ တစ်ကိုယ် တည်း လူပျိုကြီးဘဝနဲ့ ဖြတ်သန်းနေဆဲဖြစ်ပြီး မိသားစိုကို ချစ်တဲ့ သူတစ်ယောက် လို့ဆိုရင်လည်းမမှားပါဘူး ။

လတ်တလောမှာတော့ အလုပ်ကိစ္စနဲ့ နယ်ကို ခရီးထွက်နေရတဲ့အတွက် သီတင်းကျွတ်မှာ မိဘတွေကို ကန်တော့ ဖို့အတွက် အဆင်မပြေတာကြောင့် Video Call နဲ့ ပဲ လှမ်းကန်းတော့ ရကြောင်းကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။ ကျွန်တော့် မိဘပြုံးပျော်နေခြင်းက ကျွန်တော့်အတွက် နိဗ္ဗာန်ပဲလို့လည်း ေရးသားဖော်ပြထားပါသေးတယ် ။

ထွန်းထွန်းရဲ့ ပရိသတ်တွေ ကတော့ အခုလို မိဘကို သိတတ်တဲ့ သားလိမ္မာလေး ထွန်းထွန်းအတွက် သာဓုတွေခေါ်ဆိုခဲ့ကြသလို ဆုမွန်ကောင်း ေတွ လည်းအများကြီးပေးခဲ့ကြပါတယ် ။ ထွန်းထွန်းကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီး အတွက်လည်း ထွန်းထွန်းတို ့မိသားစုရဲ့ သီတင်းကျွတ်ပုံရိပ်လေး aတွကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Htin Aung Tun
Credit:Emily (Cele Gabar)

About the author

Ms Cele

Leave a Comment