Celebrity
Written by Ms Cele
Credit:Cele Gabar
သီတင်းကျွတ် ဂါရဝခြင်းပို့ လိုက်တဲ့ မမဆောင်း ကို ကြိတ်Crushနေတဲ့ သူတွေနဲ့ လက်တွဲ နိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေး ခဲ့တဲ့ ခန့်စည်သူ
ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သရုပ်ဆောင် ခန့်စည်သူကို မမဆောင်းက သီတင်းကျွတ်မှာ တလေတစားနဲ့ သီတင်းကျွတ်ဂါရဝခြင်းလေးကို ပို့ပေးခဲ့တယ်လို့သိရပါတယ် ။ မမ ဆောင်းရဲ့ ဂါရဝခြင်းလေးကို လက်ခံရရှိတဲ့ ခန့်စည်သူက မမဆောင်း အတွက် ဆုမွန်ကောင်းတွေ အများကြီး တောင်းပေးခဲ့ပါတယ် ။
မမဆောင်း တစ်ယောက် …စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပါစေ။အကယ်ဒမီ တွေလည်းရပါစေ။ရှားလဇောင်းဇက် ပတ်တွေလိမ်းပြီး အလှတွေတိုးလာပါစေ။ ဖူးစာရှင် (ဆရာဝန်၊အင်ဂျင်နီယာ၊ဗိုလ်မှူး၊စီးပွားရေးလုပ်ငန်းရှင် top 10၊ဘောလုံးအသင်းဥက္ကဌ) နှင့် လည်း ဘယ်ဘဝရောက်ရောက် လက်တွဲနိုင် ပါစေ ဆိုတဲ့ ဆုမွန်ကောင်းတွေကို ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါနဲ့…..ဝါကျွတ်ပြီဆိုတော့ မမဆောင်းကို ကြိတ်ခရက်ရှ် နေတဲ့ သဘော ကောင်းတဲ့ နာမည်(၃)လုံးနဲ့အညိုစင်ဗိုလ်မှူးကို ရွေးမှာလား၊ နာမည် (၂)လုံးနဲ့ပြည်သူ့အချစ်တော် အဖြူစင် မင်းသားကိုရွေးမှာလား သိချင်ပါ တယ်နော် လို့လည်း စနောက်ရေးသားထားပါသေးတယ် ။
ပရိသတ်တွေကတော ကိုခန့်ပေးတဲ့ ဆုလေးက အရမ်းကိုချစ်ဖို့ကောင်းတယ် ဆိုတဲ့ မှတ်ချက်လေးတွေ ရေးသားခဲ့ကြပြီး ကိုခန့်ဆုတောင်း မမ ဆောင်း အတွက် ပြည့်ပါစေလို့ ပရိသတ်တွေကလည် းအရွှန်းဖောက်ခဲ့ကြပါတယ် ။ မမဆောင်းကတော့ ကိုခန့်ရဲ့ချစ်စဖွယ် ဆုတောင်းလေးကြောင့် စိတ်ဆိုးနိုင်တော့မယ် မထင်ပါဘူးနော် ။
Credit:Cele Gabar
About the author
Ms Cele
Leave a Comment