Celebrity


Written by Ms Cele





Source : Po Po
Credit:Cele Gabar

သီတင်းကျွတ် မှာ အပျိုကြီး ပိုပိုကို သွားရောက် ကန်တော့ခဲ့ ကြတဲ့ ချယ်ရီသင်း နဲ့ ဖူးဖူး

ပရိသတ် အချစ်တော် တေးသံရှင်ပိုပိုရဲ့ မကြာသေး မီကမှ ထွက်ရှိထားတဲ့ သီတင်းကျွတ် သီချင်းလေး ကို ပရိသတ်တွေ တော်တော်လေး နှစ်ခြိုက်သဘော ကျနေကြတာကိုတွေ့ရပါတယ် ။ လတ်တလောမှာတော့ အပျိုကြီးပိုပိုကို အနုပညာရှင် ဂျူနီယာ ညီမလေး နှစ်ယောက် က သွားရောက်ကန်တော့ခဲ့ကြတယ်လို့သိရပါတယ် ။

တေးသံရှင် ချယ်ရီသင်းနဲ့ ဖူးဖူးတို့က သီတင်းကျွတ် အနေနဲ့ ဂါရဝထားပြီး သူမကို သွားရောက်ကန်တော့ ခဲ့ကြတာပဲဖြစ်ပါတယ် ။ ချစ်ညီမ ချယ်ရီသင်း နဲ့ မိဖူး တို့က လာကန်တော့ တာတဲ့ သူ့အစ်မ ကို လိုအင်ဆန္ဒများ အားလုံး ပြည့်စုံပြည့်ဝ ပါစေရှင့် မနှစ်က L ဇာတာ ကြည်ဖြူ ဒီနှစ် ချယ်ရီနဲ့ မိဖူး (ဪ ကန်တော့ခံအရွယ်ရောက်ပြီ ) ဆိုတဲ့စာသားလေးနဲ့ အတူ ပိုပိုက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ တာဖြစ်ပါတယ် ။

L ဇာတာကြည်ဖြူကလည်း ကိုယ့်အမ ဆီ ဒီနှစ်လဲ လာကန်‌တော့မှာ မနက်ဘုရားရှိခိုးပြီးကတည်းက သတိတွေ ရမိတာပါ တွေ့တိုင်း ဘာသာရေးအသိ စိတ်ကောင်းတွေ ပြောပေးတဲ့အစ်မတစ်ယောက် ဘယ်တော့မှ မမေ့ပါဘူးလို့ မှတ်ချက်ရေးသား ခဲ့ပါတယ် ။ ပိုပိုကတော့ သိတတ်လိမ္မာတဲ့ အနုပညာရှင် ညီအစ်မတွေကို ပိုင်ဆိုင်ထား ရတာ တကယ်ကို ကံကောင်းတာပဲနော် ။

Source : Po Po
Credit:Cele Gabar

About the author

Ms Cele

Leave a Comment