Celebrity


Written by Ms Cele






သူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြန်မာ့ပြည်တွင်း အခြေအနေမှန်များကို ဖိလစ်ပိုင်နိုင်ငံရဲ့ သတင်းမီဒီယာမှာ ဖွင့်ချပြောပြတော့မယ့် Sinon Loresca

ဖိလစ်ပိုင်လူမျိုး Catwalk Model၊ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံကို အလည်လာရင်း မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ Sinon Loresca က မြန်မာနိုင်ငံမှာ တစ်နှစ်ကျော်ကြာ နေထိုင်ကာ အနုပညာအလုပ်တွေနဲ့ ပရဟိတ အလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး မနေ့က ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ သူ့မိခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် သူ့ရဲ့နိုင်ငံ ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဖိလစ်ပိုင် နိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ Sinon Loresca က ဒီကနေ့မှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့ပြည်တွင်းရေးကို ဖွင့်ချပြောဆိုသွားမယ် ဆိုပြီး “ဒီနေ့ ကျွန်တော် ဖိလစ်ပိုင်နိုင်ငံက အကြီးမားဆုံး သတင်း မီဒီယာတစ်ခုနဲ့ တွေ့ဆု့ဖို့ရှိပါတယ်။ မြန်မာအတွက် ကျွန်တော့်အသံတွေ ဟိန်းနေစေရပါမယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ အခုလိုပဲ ပြောပြလာပါတယ်။

Sinon Loresca ကတော့ ဒီမိုကရေစီကို လိုလားသူ တစ်ယောက်ပီပီ သူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြန်မာ့ပြည်တွင်း အခြေအနေမှန်များကို ဖိလစ်ပိုင်နိုင်ငံရဲ့ သတင်းမီဒီယာမှာ ဖွင့်ချပြောပြတော့မှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Sinon Loresca ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment