Celebrity

သူငယ်ချင်းတွေကို စနောက်ထားပြီး ချစ်စရာကောင်းတဲ့ Tit Tokလေး ဆော့ထားတဲ့ သန္တာဗိုလ်

Written by Ms Cele

ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေးသန္တာဗိုလ်ကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဖြူဝင်းတဲ့အသားအရေကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှု ရှိတဲ့ အလှတရားတွေနဲ့ပြည့်နှက်နေသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ပီပြင်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ အောင်မြင်တဲ့အနုပညာ လမ်းကြောင်းတစ်ခုပေါ်ကိုလည်း ရောက်ရှိနေပြီးသားသူလေးဖြစ်ပါတယ်။သူမရဲ့သူငယ်ချင်းတွေနဲ့ အတူ သွားတာလာတာစားတာသောက်တာတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာအမြဲဖော်ပြလေ့ရှိပါတယ်။

မကြာသေးခင်လ အပိုင်းအခြားက မိခင်ဖြစ်သူရုတ်တရက်ဆုံးပါးသွားမှုကြောင့် အရမ်းဝမ်းနည်းကြေကွဲခဲ့ရကြောင်းလည်း ပြောပြထားပါတယ်။မင်းသားချောကောင်းပြည့်နဲ့ အရမ်းချစ်ပြီး ပရိသတ်တွေအားကျရတဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ်လည်း အသိအမှတ်ပြုခံထားရပါသေးတယ်။ သန္တာဗိုလ်ကချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ မကြာခဏ Tit Tokလေးတွေဆော့ပြတတ်ပါတယ်။သူငယ်ချင်းတွေနဲ့လည်း ဟာသလေးတွေ အကအလှပုံစံလေးတွေနဲ့ ဆော့ပြတတ်ပါသေးတယ်။

သူမရိုက်ကူးတဲ့ ဇာတ်ကားတွေ ကြော်ငြာတွေမှာလည်းအောင်မြင်မှုကို ရရှိထားပြီး မော်ဒယ်လ်လောကမှာလည်းနေရာတစ်ခုကိုရရှိထားတဲ့သူတစ်ယောက်ပါ။ယခုလည်း သူငယ်ချင်းတွေကို စနောက်ထားတဲ့Tit Tok ဗီဒီယိုလေးကို သူမရဲ့ fb account မှာဖော်ပြထားပါတယ်။သူမရဲ့Tit Tokဗီဒီယိုလေးကို ပရိသတ်ကြီးကြည့်ရှုဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။ချစ်ပရိသတ်ကြီးလည်း သန္တာဗိုလ်ကိုဆက်လက်အားပေးပြီး ချစ်ပေးကြပါအုံးနော်။

Source:Thandar Bo’s FB account
Writer:Thin Wai

About the author

Ms Cele

Leave a Comment