Celebrity

သူငယ်ချင်းတွေနဲ့အတူ ပျော်စရာ Tit Tokလေးဆော့ခဲ့တဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံ

Written by Ms Cele

ပရိသတ်ကြီးရေ မင်းသားချောဘုန်းလျှံဟာဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့သူတစ်ယောက်ပါနော်။ ယောက်ျားပီသပြီး တည်ကြည်ခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ဘုန်းလျှံဟာ တစ်ချိန်က မိန်းကလေးတွေရဲ့အသဲစွဲ မင်းသားချောလေးဖြစ်ခဲ့ပါတယ်။ ယခုဆိုရင်တော့ ချစ်စရာဇနီးချောလေးနဲ့အတူ လှပတဲ့အနာဂတ်လေးကိုပျော်ရွှင်ချမ်းမြေ့စွာ တည်ဆောက်နေတာပဲဖြစ်ပါတယ်။

ဘုန်းလျှံဟာ အွန်လိုင်းကနေပြီး ငါးပါတူးစားပွဲရောင်းချတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူပါ။ဇနီးချောလေးကလည်း သူ့ရဲ့ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကို ပါဝင်လုပ်ကိုင်ပေးနေပါတယ်။သူတို့နှစ်ဦးဟာ ချစ်စရာကောင်းပြီး အရမ်းလိုက်ဖက်တဲ့ ဇနီးမောင်နှံလေးပါနော်။ယခုဆိုရင် သူငယ်ချင်းပွင့်နဒီမောင်တို့နဲ့အတူ ပျော်စရာကောင်းတဲ့Tit Tokလေးကိုဆော့ထားပါသေးတယ်။

‘အိုးလေးလှုပ်ပါ’သီချင်းနဲ့Tit Tokလေးဆော့ထားတာကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာပဲဖြစ်ပါတယ်။သူငယ်ချင်းဖြစ်တဲ့ပွင့်နဒီမောင်ကလည်း ဘုန်းလျှံတို့ဇနီးမောင်နှံနဲ့အတူ ချစ်စရာအမူအရာလေးနဲ့ စည်းချက်ညီညီပါဝင်ဆော့ကစားထားတာပဲဖြစ်ပါတယ်။ ဘုန်းလျှံတို့ Tit Tok ဆော့ထားတာလေးကို ပရိသတ်ကြီးလည်းကြည့်ရှုရအောင်ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

Source: Bhone Hlan’s FB
Writer-TWWH

About the author

Ms Cele

Leave a Comment